Monday 16 November 2015

လွမ်းတေး တစ်ပုဒ်

လွမ်းနေတိုင်းသာ ပန်းလေးတစ်ပွင့်
ပွင့်လာခဲ့ရင်  နင်းရက်စရာ
မရှိလေအောင် မြေကမ္မလာမှာ
ပန်းပွင့်လေးတွေ ဖြစ်နေမှာပေါ့
လွမ်းခြင်စရာ လွမ်းကမ္ဘာမှာ
လွမ်းကာနေရ လွမ်းဘဝမို့
လွမ်းလေ လွမ်းလေ လွမ်းမပြေဘူး
အနမ်းခြွေဖူး ငယ်ချစ်ဦးရယ်.....။
ငယ်ကချစ်တော့ အနှစ်တရာ
မမေ့သာတဲ့  ဆိုရိုးစကား
ကြားဖူးတယ် မဟုတ်လား ချစ်သူ
အခုလို တမြေစီ ဝေးကွာ
ခွဲခွါရတော့  အသည်းနာလည်း
ချစ်သူဘဝ သာယာလှဖို့
ကြွေကျမျက်ရည် ဖွဖွသုတ်လို့
နုတ်ဆက်ထွက်ခွါ  လှည့်ပြန်ခြင်းဟာ
ရက်စက်လို့ဖြင့် မဟုတ်ဘူးနော်
မမြင်ကွယ်ရာ အဝေးမှာ
ငိုရှိုက်နေတဲ့ ကိုယ့်အသံလေး
တေးတစ်ပုဒ်ရယ်လို့ မှတ်ထင်နေလား
ကြားယောင်နေမလား ချစ်သူရယ်
                       တစ်ကောင်ဘွား (ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ