Wednesday 11 November 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၃၄

ကဗျာဂျာနယ်လေး လာပါပြီဗျာ ADMIN တွေကဗျာရွေးချယ်ရာမှာကဗျာတွေထပ်နေတယ်ဆိုတောင်းပန်ပါတယ်။ဒီနေ့အစီအစဉ်မှာမပါဝင်တဲ့ကဗျာ များကိုလည်း နောက်နေ့မှာထည့်ပေးမှာဖြစ်ပါတယ်ဗျာ
*ခရေပုံပြင်*

နှလုံးသားသစ္စာ
ရင်ခုန်တာ
နင်မသိပေမယ့်
နင်သိအောင်လည်း
မပြောတော့ပါ
ဝေဒနာ
မမြင်မိသူကို
မြင်မိအောင်လည်း
မပြတော့ပါ
ရင်ခုန်သံ
မျက်နှာချင်းဆိုင်ချင်သူမို့
(ဗလာကျင်းတဲ့)
နင့်နှလုံးသားမှာ
အမုန်းပွားစရာ
အချစ်လည်း
မဖြည့်တော့ပါ
လိုအင်ကိုအစိမ်းချုပ်
သိမ်းထုပ်လို့လုံခြုံစွာ
ဆန္ဒကိုရေမှာမျော
နင်သောသောရယ်ဖို့ပါ
နင်မသိမမြင်မိပေမယ့်
အစဥရှိတဲ့
အချစ်တေးကို
သခင်ဝေးတဲ့
ငါ့ရင်မှာ
ပေးဆပ်ဖို့ရှင်သန်
ဒဏ်ရာတွေ
နင်မရအောင်
ခရေအသွင်နဲ့
မြေပြင်မှာ
ဖျန့်ကာကျဲလိုက်မယ်
ချစ်သူနင်းလို့
လျှောက်သွားစေ
နှလုးံသားကိုလမ်းခင်း
ချစ်သူနင်းလို့
လျှောက်လှမ်းစေ့။

သူရဇ္ဇ
========================
ချစ်သူရယ်...............
    အထင်လွဲချက်တွေနဲ့မုန်းတဲ့အကြောင်းတွေကိုတဖွဖွပြောနေတာကိုခနလေးရက်ပြီး........တချက်လောက်မြင်ကြည့်ပေးပါလားဟာငါ့ရင်ထဲကနှစ်လုံးသားကိုပါချစ်သူ...........ငါ့ရင်ထဲမှာဘာတွေဖြစ်နေလဲဆိုတာသာနင်သိ့ရင်ငါ့ကိုအခုလိုတောင်ပြောရဲမှာမဟုတ်ပါဘူး.......ချစ်သူရယ်.........
စိုးရိမ်လွမ်း
========================
ဘာလို့များကို့ကိုတကယ်ချစ်တန်ဖိုးတကြီးနဲ့အမျတ်တနိုးချစ်နေတဲ့ငါ့ကိုနင်ဘာလို့များဥပက္ခာပြူ့ထားရဲတာလဲချစ်သူ
နင်တချက်လောက်ပြန်ဆင်းစားကြည့်ပေးပါလားချစ်သူနင့်မှာကိုချင်းစာစိတ်လေးများရှိရင်ပေါ့တနေ့နင်တကယ်ချစ်တဲ့သူများရှိလာခဲ့မယ်ဆိုရင်ပေါ့
သူကရောနင့်ကိုနင်တန်ဖိုးထာချစ်သလောက်သူနင့်ကိုအလေးနပ်မထားပဲဥပက္ခာပြှူု့ထားမယ်ဆိုရင်ရောနင်ဘယ်လိုခံစားရမလဲချစ်သူ.......စိုးရိမ်လွမ်း
စိုးရိမ်လွမ်း
========================
ချစ်သူ
 နင်သွားချင်တာသွားပါနင်လာချင်ရာလာပါနင်လုပ်ချင်တာလုပ်ပါဒါမှမဟုတ်ငါ့ကိုဘာနင်လိုရာကိုစေနိုင်ပါတယ်ဟာဘာလို့လဲဆိုတော့ငါနင့်ကိုချစ်လို့ပေးဆပ်ရဲတဲ့သတ္တိတွေရှိ့ပါတယ်ချစ်သူဒါပေမဲ့ငါ့ရင်ကိုခြေဆုံကန်ပြီငါမဟုတ်တဲ့အချားသူရင်ခွင်ဆီသို့နင်သွားမယ်ဆိုရင်တော့ငါ့နှစ်လုံးသားကလွယ်လွယ်နဲ့တော့လက်ခံနိုင်မှာမဟုတ်ပါဘူးချစ်သူ......

 စိုးရိမ်လွမ်း.........
========================
* အပယ်ပုတ် *
အတ္တကို ဖယ်ခွာ

သင်္ခါရသဘောကိုပိုက်ထွေး

တွေးလိုက်မိတယ်

သြော်…ဘယ်အရာမှမမြဲပါလား

အနိစ္စ ဒုက္ခ အနတ္တ

ဘုရားဟောတဲ့တရားတော်တွေပဲလေ
နောင်ခန္ဓာ မလာစေဖို့

ဒီကမ္ဘာ အပယ်ချုပ်လို့

ရုန်းထွက်မယ် နိဗ္ဗာန်သို့လေး…/\/*L့
                        Phyur…/\/*L့်
========================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ