Friday 27 November 2015

ရင်ထဲက ကောင်မလေး

ကောင်မလေးရေ
မချစ်သင့်ဘူးလို့
ဦးနှောက်ကို အတန်တန်
တားဆီးခဲ့ပေမဲ့
စွဲစွဲလန်းလန်း ချစ်မိခဲ့တဲ့
ငါ့ရဲ့နှလုံးသားကို
တားမရခဲ့ဘူး
မဖြစ်နိုင်မှန်း သိလဲ
ရင်ထဲတွယ်ငြိခဲ့တဲ့
သံယောဇဉ်ကြိုးကို
ဘယ်အရာနဲ့မှ 
ဖျတ်မရခဲ့ဘူးဟာ
ကောင်မလေးရေ
မေ့မရသူ ရင်ထဲက
ဝေဒနာတွေကို
စာနာခဲ့ရင်  အကြင်နာတွေ
ရင်မှာထားလို့  နှလုံးသားကို
တစ်ချက်လောက် ငဲ့ကြည့်ပါဦး
ရင်ထဲက ကောင်မလေးရယ်....
                           တစ်ကောင်ဘွား (ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ