Monday 16 November 2015

ဘဝစာမျက်နှာ

ဝတ္ထုတစ်ပုဒ် အတိုချုပ်ပြီး
ရှေ့ဖြစ်ဇာတ်လမ်း ဖြစ်ရပ်ဆန်းကို
ရသလား ကွဲသလား လို့ပေါ့
သေသလား ရှင်သလားလို့ပေါ့
သိလိုသော်က စာမျက်နှာကျော်
ဖတ်လိုသော်က ရနိုင်စွ၏...
ဘဝဆိုသည့် စာမျက်နှာကား
တစ်ရွက်တစ်ကြောင်း ကျော်လို့ကောင်းသည့်
အရာဝတ္ထု ဇာတ်လမ်းတစ်ပုဒ်
မဟုတ်လေဘူး သူငယ်ချင်း.....
                          တစ်ကောင်ဘွား(ဓာတ်တော်)
          
                   ဘဝတိုက်ပွဲ
ပြုံးသူတွေနိုင်  ရှုံးသူတွေမှိုင်တဲ့ ပွဲမှာ
အပြုံးတွေမခြွေနိုင်လို့
ငေးမှိုင်ကာပဲ နေတော့မှာလား သူငယ်ချင်း
ဘဝဆိုတာ တိုက်ပွဲပေမို့
လက်ဝှေ့သမားလို   လဲရင်ပြန်ထ
တစ်က စ ဒါဘဝပဲ     သူငယ်ချင်း
ကမ်းမမြင် လမ်းမမြင်
သမုဒ္ဒရာ ပင်လယ်ပြင်မှာ
မဟာဇနက လက်ပစ်ကူး
မဏိမေခလာ မြင်တော့
ရှင်ရူးနေသလား လို့မေးဖူးတယ်လေ
ဒါပေမဲ့ ဇွဲရှိသူတွေ အတွက်
နောက်ဆုံး မဏိမေခလာ နတ်သမီး
ကယ်တင်ခဲ့ရတာပဲ မဟုတ်လား?
သူငယ်ချင်း  ဇွဲလုံ့လနဲ့
ကြိုးစားသူတိုင်းအတွက်
အောင်မြင်မူ့ပန်းတိုင်ဟာ
လက်တစ်လှမ်းမှာပဲ ရှိတာပါကွာ
ဒါကြောင့်မို့ ဘဝကို အရှုံးမပေး
ပြုံးပြုံးလေးနဲ့ ရင်ဆိုင်စမ်းပါသူငယ်ချင်း..,...
                                    တစ်ကောင်ဘွား(ဓာတ်တော်)

                        ဘဝပေးတဲ့ လောကဓံ
သူငယ်ချင်း ဘဝဆိုတာ
ရှုံးတစ်ခါ  နိုင်တစ်လှည့်
ပြုံးတစ်ခါ မဲ့တစ်လှည့်
ချစ်တစ်ခါ မုန်းတစ်လှည့်မို့
ဒို့တစ်တွေဟာ ဘဝဇာတ်ခုံ
စင်မြင့်ပေါ်က ကံဇာတ်ဆရာရဲ့
သရုပ်ဆောင်ပါ သူငယ်ချင်းရာ
အရှုံးတစ်ခါ ရင်ဆိုင်တွေ့လို့
စိတ်ဓာတ်ကျပြီး အရှုံးပေး
လောကကို ကျောခိုင်းမသွားခြင်ပါနဲ့
ထိပ်ဆုံးမှာ ရောက်နေကြသူ
လူအပေါင်းအားလုံးမှာလည်း
အရှုံးဆိုတာ ရှိလာခဲ့မှာပဲ
အရှုံး အနိုင် ပြိုင်တဲ့ပွဲမှာ
ကံကြမ္မာ အလှည့်မပေးလို့
ဒီတခါ ရှုံးပွဲ ကြုံခဲ့လဲ 
နောင်ဆုံမည့် ပြိုင်ပွဲ  ဝင်ကာနွှဲလေ
နိုင်ပွဲတစ်နေ့  တွေ့ရမည်လေ
                           တစ်ကောင်ဘွား(ဓာတ်တော်)




No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ