Thursday 3 December 2015

အသည်းကြွေတဲ့ နွေ

                        အခန်း(၄)
ရွက်ဝါကြွေပြောင်းလို့ လတပေါင်းတောင်ရောက်လာခဲ့ပြီ ဓာတ်တော်တောင်ဘုရားပွဲရောက်ခဲ့ပြီ သုည ပြန်မလာတာ ၄နှစ်တောင်ရှိပါကောလား သုညရယ် နင် ငါ့တို့ကို တကယ်ပဲစိတ်နာသွားပြီလားဟာ နင်ရည်မှန်းချက်တွေ မပြည့်သေးဘူးလား ငါကျောက်ဆည်မြို့လေးကိုရောက်တိုင်း နင့်ဆီကို လာခြင်ပေမဲ့  လိပ်စာကမသိ နေရာမသိလေတော့ နီးလျှက်နဲ့ဝေးနေရတာပေါ့သုညရယ် ဒီနှစ်ဘုရားပွဲမှာ နင် လာလေမလားလို့ ငါမျှော်နေမိတယ်ဟာ နင့်ရင်ထဲမှာ ငါမရှိနိုင်ပေမဲ့ ငါရင်ထဲမှာ နင်ရှိနေတယ်ဆိုတာ သိစေခြင်လိုက်တာဟာ   အခုဆိုရင် ငါ့ကို ဒေါနနဲ့ သဘောတူနေကြပြီ  ငါ ဒေါနကို မချစ်နိုင်ပေမဲ့လဲ ငါ့သူကို လက်ထပ်ရတော့မှာ ငါ့တို့မိသားစုရဲ့ ကံကြမ္မာက ဆိုးဝါးလွန်းလှပါတယ်  နင်ပြောခဲ့တဲ့ သုညခံစားနေရတဲ့သောကကို ငါတို့ခံစားနေရရင် နင်ဟာ ချမ်းသာတဲ့သူ ဖြစ်နေမယ်ဆို နင်အခု မြို့မှာ ချမ်းသာနေပြီလား ငါသိခြင်လိုက်တာ 
ဟိတ် ဝတီ
အမလေး  အတွေးလွန်နေတဲ့အချိန်မှာ နောက်မှ ခြောက်လန့်လိုက်သောကြောင့် ဝတီသည် နောက်သို့လှည့်ကြည့်လိုက်သောအခါ သူငယ်ချင်းဖြစ်သူ ဇင်မာ ဖြစ်နေသည်ကို အံ့သြစွာ တွေ့ရလေသည် 
ဟင် ဇင်မာ နင်ပြန်လာတယ် ဟုတ်လား ငါဝမ်းသာလိုက်တာဟာ
ငါ့ရွာပွဲပဲ ငါလာရတာပေါ့  နင်က ဘာတွေတွေးနေလို့ ငါခေါ်တာမကြားရတာလဲ
ဘာရယ်မဟုတ်ပါဘူး ဇင်မာ  ဒါနဲ့ မြို့ပေါ်မှာ နင်သုညကိုရော တွေ့ခဲ့လားဟင်
သုညဆိုလို့ ငါပြောရဦးမယ် 
ပြောစမ်းပါဟာ ငါကြားခြင်လွန်းလို့ပါ
အခုဆို သုညက သူဌေးဖြစ်နေပြီ ငါတောင် မနေ့ကမှ သိတာ
နင်က ဘယ်လိုသိတာလဲ
သူနဲ့မမျှော်လင့်ပဲ တွေ့လို့ မေးကြည့်တာလေ  သူလဲ ရွာက မြေကွက်တွေ လာကြည့်ဦးမယ်လို့ ပြောတယ် 
ဒီဘုရားပွဲ သူမလာတော့ဘူးတဲ့လား 
ဒါတော့ ငါလဲမသိဘူးလေ  သူကအလုပ်အရမ်းများနေလို့ဆိုပြီး ချက်ချင်းပြန်သွားတာဟ
သုညတောင် တန်ဖိုးရှိနေပါလား ဘာပဲဖြစ်ဖြစ် ငါဝမ်းသာတယ်ဟာ
ဒါနဲ့ ကျောက်ဆည်မြို့ပေါ်မှာ စက်မူ့လက်မူ့ လုပ်ငန်းရုံတွေက နှစ်နေရာပဲတဲ့
နောက်ဆို ရွာမှာလာပြီး စက်မူ့လက်မူ့ လုပ်ငန်းဖွင့်ဦးမှာတဲ့ ဟ   ဒါနဲ့နေစမ်းပါဦးဝတီ  နင်ရော ဒေါနနဲ့ ဘယ်တော့ လက်ထပ်ကြမှာလဲ 
နောက်နှစ် သီတင်းကျွတ်လထဲမှာပါ 
ေ နင်လက်ခံနိုင်ပြီလား
ငါ မိဘတွေဆန္ဒကြောင့် ခေါင်းညိမ့်ရတာ ငါသူကို မချစ်ဘူး
နင့် အမေက ငွေခင်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ငွေအရမ်းမက်တာပဲ ဟာ
ကဲပါ စိတ်ညစ်စရာတွေ မပြောနဲ့တော့ သူငယ်ချင်း အခု ပွဲဈေးတန်းလိုက်ပို့ရမှာလား
အဲ့ဒီသွားဖို့ နင့်ကိုလာခေါ်တာ
ဒါဆိုခဏလေးစောင့်ဦးနော် ငါ အဝတ်လဲဦးမယ်ဆိုကာ  ဝတီသည် အိမ်ထဲသို့ဝင်သွားလေပြီ
                                          အခန်း၅ကို မျှော် 
                                        ကြိုးစားပါဦးမည် တစ်ကောင်ဘွား(ဓာတ်တော်)
ကျနော် အချိန်သိပ်မရတဲ့အတွက် ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးကြပါ နော် 

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ