Sunday 27 December 2015

ညီမငယ်များသို့ ပေးစာ

အိင်္ကျိက ချိုင်းပြတ်
ရင်ကိုလှပ်ကာ မိတ်ကပ်(ကရမ်င်)တွေနဲ့
ပလူးခြင်သလို ပလူးပြနေလဲ
အရူးမလို့ပဲ ထင်မိတယ်
ဆံကေသာကို ကွေကာ ကောက်လို့
ဒေါက်ဖိနပ်စီး ရှိုးလျှောက်
ဒို့များ မျက်စိနောက်တယ်လို့
ပြောလိုက်မယ်နော် ခေတ်နောက်ကျတယ်လို့ပဲ 
ဆိုပါစေ  ခေတ်မမှီဘူးလို့ ပြောလဲ
အယူခံ မဝင်ပါဘူး ဒို့များရင်ထဲမှာ
ဆံကေသာက နက်မှောင်
မြန်မာဆန်တဲ့ဝတ်ဆင်မူ့နဲ့
အပြုံးတစ်ပွင့်ကို ခြွေလှစ်ရင်
ရင်ထဲ ကျေနပ်မိတယ် ညီမလေးရယ်
ဒါကြောင့်မို့လေ  အစ်ကိုရင်ထဲက
စကားတစ်ခွန်း ပြောလိုက်မယ်
မြန်မာယဉ်ကျေးမူ့ အမွေနှစ်ကို
ညီမတို့ခေတ်ရောက်မှ  ပျောက်ကွယ်ရတော့မှာလား
ယဉ်ကျေးအမွေ ပျောက်ပြီး
အနောက်တိုင်းက ဖတ်ရှင်တွေနောက်
ကောက်ကောက်ပါအောင် လိုက်မယ်ဆိုရင်
နောက်တစ်ခါ မင်္ဂလာပါ ဆိုတဲ့ နုတ်ဆက်ခြင်းကို
ရက်တန့်ပြီး ဖြစ်သလိုနေခဲ့ပါတော့
နင် ချစ်တက်တာ မြန်မာယဉ်ကျေးမူ့မှ မဟုတ်ဘဲ
မင်္ဂလာပါ ဆိုတဲ့စကား
နင်နဲ့ မတန်လို့ပါ  ညီမလေးရယ်
                          တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ