Wednesday 9 December 2015

နှင်းဝေတဲ့ ဆောင်း

အေးမြတဲ့ ဆောင်းတစ်ညမှာ
အမှတ်မထင် ဆုံတွေ့ခဲ့လို့
ရင်ခုန်မိတဲ့ နှလုံးသားက
စကားတစ်ခွန်း ရင်ဖွင့်လိုက်ပြီ
 မင်းကိုချစ်တယ် ကောင်မလေးရယ်
မင်းနဲ့အတူ ဆုံတွေ့ခဲ့တဲ့
ဆောင်းညလေးမှာ  လေပြေလေးတွေ တိုက်ခက်
ကိုယ့် အနားကို ကပ်ပြီး တိုးတိုးလေးပဲ
မင်း သူကို ချစ်နေပြီလို့ ပြောတယ်
မြင်မြင်ခြင်း ရင်ခုန်ခဲ့တာ
မဟုတ်ပေမဲ့ အမှတ်တရလေးတွေက
သက်သေပြလို့ ဒီဇင်ဘာ ဆောင်းတစ်ညကို
မေ့မရတာ ဒီနေ့အထိပါကွာ
နှစ်လတွေ ပြောင်းခဲ့လဲ
နှင်းဝေတဲ့ ဆောင်းရောက်တိုင်း
အတိတ်ဟောင်းကို သတိရတဲ့
ရင်ထဲက သစ္စာကို သခင်ရယ်
မြင်လှည့်ပါတော့  မြင်စေတော့ကွယ်....
                              တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ