Friday 4 December 2015
နှင်းတွေလိုဝေငါ့မျက်ရည်
နှင်းတွေလိုဝေငါ့မျက်ရည်
~~~~~~~~~~~~~~
မိုးလင်းလို့ 
ပြတင်းပေါက်ကိုငါဖွင့်ကြည့်လိုက်တော့
ဒီဇင်ဘာရဲ့ နှင်းလေးတွေ
မြပြင်ပေါ်သို့ သက်ဆင်းကျရောက်နေပြီ
ရုတ်တရက်မတွေးပါပဲ
အတွေးတစ်ခုခေါင်းထဲရောက်လာတယ်
နှင်းတွေကြားကချစ်နေကြတယ့်
ငါတို့ ချစ်သူစုံတွဲ
အရမ်းချမ်းလို့ ဆို တော့
ငါဖက်ထားပေးဖူးတယ့်
ခုတော့လဲအိမ်မက်တစ်ခုလိုပျောက်ဆုံးသွားပြီ
ခုချိန်နှင်းတွေရဲ့ ကြားမှာ
ချမ်းနေတယ့်မင်းဘယ်သူ့ ရင်ခွင်မှာ
ခိုဝင်ကာနားနေမလဲချစ်သူ
ငါကတော့ မင်းတစ်နေ့ ပြန်လာနိုးနဲ့ 
စောင့်နေတာ ဒီဇင်ဘာရဲ့
နှင်းမူံတွေတောင်
တစ်ဖန်ပြန်ကျလာပြီ
အပြင်မှာနှင်းဝေနေသလို
ငါ့မျက်ဝန်းအိမ်ဟာလဲ
မျက်ရည်စတွေနဲ့ 
ရီဝေနေပါတယ်ချစ်သူ~~~~
                     သွေးငယ်(ပုသိမ်သား)
<><><><><><><><><><><><><><>
မေ့နေကြပြီထင်တယ်ဗျာ   သွေးငယ်ကို  သွေးငယ်လဲအလုပ်တွေမအားလို့ ပါ   ဒီဘက်ကိုမလှည့်နိင်ပါဘူး   ခုကစပြီး  ပြန်လှည့်နိငိအောင်ကြိုးစားနေပါတယ်။
ဒီဇင်ဘာကိုရောက်ပြီနော်  ခရစ္စမတ်နဲ့ အတူ  ပျော်ရွှင်နိင်ကြပါစေ  သွေးငယ်ကတော့တစ်နယ်ကြေးမှာအလုပ်လုပ်နေတော့ ခရစ္စမတ်မှာမပျော်နိင်ပါဘူး။
ဒီဇင်ဘာ နှင်းနဲ့ အတူ  မိတ်ဆွေ လဲ အေးချမ်းနိင်ပါစေ။
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ