Friday 25 December 2015

ပြန်မလာနဲ့တော့

တစ်ပါးသူရင်ထဲခြေစုံပစ်ဝင်ပြီးမှ
အဆင်မပြေမူတွေ
စိတ်ညစ်စရာတွေရှိတဲ့အခါ
ရင်ခွင်ဟောင်းဆီကို
ပြန်လာဖို့စိတ်မကူးနဲ့
ကျုပ် အရူးမဟုတ်ဘူး
ခင်ဗျားအတွက်အချစ်တွေ
အမှိုက်ပုံးထဲစွန့်ပစ်ခဲ့တာ
အတော်ကိုကြာနေခဲ့ပြီ
တစ်စုံတစ်ယောက်နဲ့
အချစ်ကိုဝေမျှယူရအောင်လဲ
ကျုပ် ငတုံးမဟုတ်ဘူး
မျှော်လင့်ချက်တွေရိုက်ချိုး
အိမ်မက်တွေတစ်စစီစုတ်ပျက်
နှလုံးသားကိုဒဏ်ရာဗလပွတွေနဲ့
ကျုပ်ကိုကျန်ရစ်ထွက်သွားပြီး
တစ်ပါးလူမကောင်းမှ
ပြန်လာချင်းသပါ့ဆိုရင်တော့ လဲသာသေလိုက်တော့ ချစ်သူ
သစ္စာဖောက်သွားတဲ့ ခင်ဗျားကို
ပြန်လက်ခံရလောက်အောင်
ကျုပ် သဘောမကောင်းဘူး ။ ။
                shwe htet(ဘာမှမတတ်သော)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ