Friday 11 December 2015

မေးပါရစေ ချစ်သူ

ရေလွှာနဲ့ ဗေဒါ
ပင်လယ်မှာ ဆုံတွေ့တော့
ဗေဒါရင်ထဲရှိတာတွေ
ရေလွှာကို ဖွင့်ဆိုခဲ့
ရေလွှာရယ်  ဗေဒါထက်သာတဲ့
ရွှေကြာကို ဆုံတွေ့ခဲ့ရင်
ဗေဒါဆိုတဲ့ ဒို့ကို
မေ့သွားမှာလား တဲ့
ချစ်သူရေ
ဗေဒါလို မရေရာတဲ့
ဒို့ဘဝမို့  ရွှေကြာလို တင့်တယ်
လှပသူကိုတွေ့ရင်
ဒို့ကို မေ့သွားမှာလား
ရင်ထဲစိုးထိတ်
တိုးတိုးလေး မေးပါရစေနော်
                              တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ