Friday 25 December 2015

ရင်ထဲက စကား

အကြင်နာတွေ ရင်မှာရှိလဲ
မကြင်နာမုန်းရင်  ခင်မင်မူ့ပါ
ပျက်သုံးမှာ စိုးရိမ်သူမို့
နှလုံးသားကို ဖုံးဖိ
ပြုံးကြည့်ရင်း လှည့်ပြန်ခဲ့သူပါ....
မတူညီတဲ့ ဘဝမှာ
ပကာသနတွေ ခြားလို့
ဆင်းရဲသားလေး အသဲကို
ကြေကွဲမှာစိုးရိမ်သူမို့
ကွယ်ရာမှာ ငိုရှိုက်ခဲ့သူပါ...
မတူ မတန်ဘူးရယ်လို့
တစ်ယူသန်စိတ်တွေနဲ့
နှလုံးသားကို ထိုးနှက်
ရက်စက်ခဲ့ရင်လေ ငါ့ရဲ့
အသည်းတွေ ကြေကွဲရလိမ့်မယ်....
ကောင်မလေးရယ်  နားလည်ပါတော့
ချစ်တယ်လို့ မပြောခဲ့ပေမဲ့
မေတ္တာစစ်နဲ့ သစ္စာရှိရှိ
တစ်သက်လုံး မင်းကို ချစ်၏ဆိုတာ
သိပါစေတော့   သိစေတော့လေ....
                တစ်ကောင်ဘွား(ဓာတ်တော်)
ဝေဖန်စာ အကြံပြုစာများ ပေးပို့လိုပါက ၀၉၇၉၅၉၅၀၇၆၇သို့ ရေးသားပို့ပေးနိုင်ပါသည်...
                             ကဗျာချစ်သူများအား  လေးစာလျှက်ပါ

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ