Sunday 6 December 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၄၉

   ပျော်ပါစေ

ပြီးဆုံးခဲ့တဲ့
အတိတ်တွေထဲက
အရင်ဝေဒနာတွေကြားမှာ
နင် အဆင်ပြေရဲ့လား
ချစ်သူ့။
ပျော်လို့အိပ်မရတဲ့
အိပ်မပျော်တဲ့
ညတွေမှာရော
နင် နေသာရဲ့လား
ချစ်သူ့။
အတွေးနက်လို့
အမှေးခက်နေလည်း
ဘေးထွက်နေရတဲ့
အရံလူတယောက်ရဲ့
နလန်မထူနိုင်လောက်တဲ့ဝေဒနာတွေကြားကဆုတောင်းစကားကို နင်
 ကြားပါစေ ချစ်သူ
အမုန်းစွက်လို့
အဆုံးသတ်မှာ
အနမ်းနဲ့လွဲခဲ့သလို
အမေ့ခက်လို့
အဝေးရပ်မှာ
အချစ်ဆုံးနဲ့
ခွဲနေရတာတောင်
အမြင်မတော်စရာတွေကြားမှာ
နင် ပျော်နေရဲ့လားလို့
မေးချင်နေသေးတယ်
ချစ်သူ့။

       သူရဇ္ဇ
########################
   ဆုတောင်း

ငါ့ကိုချန်ပစ်
အချစ်စစ်မဖြစ်လို့
နင်မုန်းမယ်ဆိုရင်
အရင်ဆုံး
အသည်းကိုထုတ်
ပြီးမှ့နင်
လုပ်ချင်တာလုပ်ပါ
ငါ့လောက်နင့်အပေါ်
ဘယ်သူချစ်လို့
စွန့်ပစ်ရက်တာလဲ
ချစ်သူ
မင်းဘဝမှာ
ငါမရှိလို့နေတက်ရင်
မင်းနင်းသွားမယ့်
မြေလမ်းထက်မှာ
ရင်းထားတဲ့
နှလုံးသားလေးက
ဆုတောင်းပေးလိုက်မယ်ငါမရှိတဲ့
အဝေးရပ်မှာ
ငါ့ကိုမေ့တက်ဖို့
နင်တွေးတိုင်း
အရာရာအဆင်ပြေလို့
နင်စေတဲ့
လက်ညှိုးညွန်ရာမှာ
အနွံတာခံသူ
ရှိ ပါ စေ ဟာ့။

        သူရဇ္ဇ
########################
 မုန်းဖို့ မလွယ် 

တမ်းတမိပြန်ပေါ့
မေ့မလွယ် 
အမုန်းခက်တဲ့
အတိတ်ကသူ့မျက်နှာ
ကြွေလွယ်သည်ဆိုမှ
လှုပ်ရမ်းကစားတဲ့
သူ့မျက်ဝန်းက
အငိုလွယ်သူကို
အရှိုက်ခက်စေခဲ့
 နေတက်ပါပြီချစ်သူ
မုန်းဖို့မလွယ်လို့
ဝေဒနာကိုဖြတ်
မေ့တက်အောင်
ကြိုးစားရတာ
တကယ်မလွယ်ပါဘူး
အခုလည်းမမေ့နိုင်
ယနေ့တိုင်နင်မှ နင်
အရင်ကလည်း
နင် ပါပဲချစ်သူ
နောင်ဘာဖြစ်မယ်
မရေရာပေမယ့်
ဝေဒနာတွေနဲ့
စီခင်းထားတဲ့
နှလုံးသားကြွေရာ
လမ်းပေါ်က
အရှုံးသမားနေရာ
နန်းတော်ထဲမှာ
နင်သာအရှင်သခင်
နင်သာ့။
ငါ့ရဲ့သခင်ပါပဲ
ချစ်သူ

သူရဇ္ဇ
########################
* အပယ်ခံလူသား *

စိတ်အစဉ်ကို
ကဗျာလေးတွေအဖြစ်
ဖွင့်ဟရင်း
သတ်ပုံမှားတဲ့ညတွေလည်း
များနေခဲ့ပါပီဟာ
အားငယ်တိုင်းပြုံးပြဖူးတဲ့
လမင်းနဲ့ကြယ်တွေကြား
ပင်လယ်ပြာတော့
ဖြစ်ချင်မိတယ်
လူတကာအေးမြဖို့အတွက်ပဲလေ
ဒါတောင်ဆားငံရေဖြစ်တဲ့ငါ့ကို
ခဏတာဆော့ကစားပီး
ဆေးကြောပစ်မယ်ဆိုတာ
ငါသိတတ်သလိုနဲ့
မသိလိုက်ခဲ့ပါဘူး
တိမ်တိုက်လေးရယ်
ခုတော့ အေးချမ်းတဲ့
ညခင်းတေးတွေနဲ့အတူ
လမ်းမထက်က
ဗီလိန်ကကွက်တွေအောက်
အပယ်ခံလူသားတယောက်
ရင်ခုန်သံတွေ ကျပျောက်ခဲ့ရပြန်ပီလေ…/\/*L့
                  Phyur…/\/*L့

ညလေးမိသားအတွက်
    အမှတ်တရ
                လေး
                      ပါ …/\/*L့
########################
* သူထားရက်ခဲ့မျက်ရည်စက် *

နီးစပ်နိုင်ဖို့မလွယ်
ဝေးရဖို့အတွက်
ကံကြမ္မာရဲ့ခြေလှမ်းတွေ
တလှမ်းခြင်းတလှမ်းခြင်း
စိပ်စိပ်ကလေးပေါ့
ပုံရိပ်များစွာ
နီးရက်နဲ့ဝေးလာ
တားဆီးနေတဲ့ကြားက
ငါ့နှလုံးသားကို
တွန်းထုတ်ခဲ့တယ်
နာကျင်နေရက်နဲ့
ဒီလူသားပေးဆပ်လို့
အချစ်တွေမညိုးနွမ်းနိုင်ခဲ့
ကလေးဆိုးလေးရေ
ကိုယ်ရူးတော့မယ်ကွယ်
မကာရန်ပါနဲ့သံသယ
စကားတွေနဲ့အမုန်းများ
ဘေးစည်းတွေခြားနေသလား
သေချာတာတော့
ရည်ရွယ်တာမဟုတ်တဲ့အချစ်
မျက်ရည်စက်တွေထားရက်ခဲ့
ကျိတ်မှိတ်လို့တိတ်တဆိတ်လေး
ကုစားနေတယ်
မျက်ရည်တွေပိုနေလို့
ငိုနေတာမဟုတ်
ရင်ခွင်ဟာနာကျင်လို့ယိုနေတာ
တစိမ့်စိမ့်နဲ့ 
ရင်ခွင်ဟာဆူနာမီ
အလွမ်းတံတိုင်းတွေမှာ
မျက်ရည်တွေလျှံနေပီ
ငိုခြင်းတေးတွေကြွေပါစေ
ဆုတောင်းနေတယ်
ရှိုက်ခနဲမြည်လိုက်ခါမှ
ပါးပြင်ဟာစိုနေမှန်းသိတယ်
နှင်းစက်တွေနဲ့ရောရက်ရင်း
လူပုံအလယ်မှာ
တိုးတိတ်ကွယ်ဆဲပါ
မင်းလေးငြို ငြင်မှာစိုးထိတ်
တသိမ့်သိမ့်နဲ့နှလုံးသွေးတွေ
ချောင်းဖြစ်လဲအနမ်းတွေ
မမေ့ရက်နိုင်လို့ခိုးလွမ်းမယ်
ချစ်သူရယ်မခံစားနိုင်တော့လို့
စီးကျတဲ့မျက်ရည်စက်
အေးစက်လွန်းပါတယ်ဟာ
ငါ့ခန္ဓာကိုယ်အသွေးအသား
အသည်းကြားမှာတစုံတခု
ငွေ့ရည်ဖွဲ့နေတယ်
အလွမ်းတွေရွာသွန်းတော့မယ်လေ
* သူထားရက်ခဲ့မျက်ရည်စက် *ချိုန်မြိန်တဲ့နှင်းမိုးတွေ
မဟုတ်ပါဘူး
ခါးသည်းခြင်းတွေတော့
အဆွေးတွေကြား
ဟိုတကွက်ဒီကွက်
ပဲ့တင်လှုပ်ခတ်ရင်း
တစုံတခုကိုစောင့်ကြိုနေတယ်
ငါလှည့်ကြည့်လိုက်တော့
နာကျင်မှုတွေတခမ်းတနား
ငါ့အသည်းကိုလှိုက်စားနေပါလား
ဒါပေမဲ့လည်းချစ်သူရယ်
နင်ထားခဲ့တဲ့ငါ
အမှတ်မရှိသေးဘူး
လွမ်းလို့ကောင်းနေတုန်း
ကောင်းကင်မှာကြယ်တစင်း
လင်းလက်သွားတယ်
စူးရှနေဆဲဒဏ်ရာဒဏ်ချက်တွေ
ရောင်ပြန်နေခဲ့တာ
သတိရလို့ငါစမ်းကြည့်တော့
နှင်းမိုးတွေရွာလို့ကောင်းနေဆဲ
နှလုံးသားကစီးတဲ့တေး
အလွမ်းမြစ်ဖျားမှာ
ထားရက်ခဲ့တဲ့
မျက်ရည် လေးဆိုတာ
သူမှမသိပဲလေ…/\/*L့                                                  
            Phyur…/\/
########################

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ