Tuesday 15 December 2015

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၅၂

* ငါမသိချင်ဟန်ဆောင်ထားတယ် *

နောက်ကွယ်က
အေးစက်စက်အပြုံး
ငါရင်အနာဆုံးပဲ
အပြစ်မရှိတဲ့
နှလုံးသားကို
ဒဏ်ရာတွေမပေးရက်တော့
နားထောင်နေတဲ့
သီချင်းထဲကလို
နင်ရွှေ့နေတဲ့အကွက်များလည်း
အားလုံးချစ်တဲ့စိတ်နဲ့
မေ့ပစ်လိုက်ပါမယ်
ငါမသိချင်
ဟန်ဆောင်ထားရင်းနဲ့ပေါ့
ချစ်သူရယ်…/\/*L့
           Phyur…/\/*L့
===========================
* ငါမသိချင်ဟန်ဆောင်ထားတယ် *

ပျော်နေသူ
တယောက်ကို
ပြန်လာပါ
တောင်းပန်ဖို့
ငိုနေရုံမှလွဲပီး
အခြားဘာမှငါ
မတတ်နိုင်ခဲ့ပါဘူး
ရင်ခွင့်ရဲ့
နောက်ကွယ်မှာ
ကြင်နာသူ
ပျော်ရွှင်ဖို့
ရင်နာသူငါငိုမယ်
ဘာမှမသိတဲ့
သူတယောက်လို
နင့်ရှေ့ရောက်တိုင်း
နှလုံးသားက
အပြုံးများနဲ့ကမ်းလင့်မဲ့
ချစ်ခြင်းတွေပေးနေရင်း
အတွင်းရင်မှာတော့
ငါပူလောင်နေတယ်
နင်မမြင်အောင်
ဖုံးဖိကာဆီးရင်း
ငါ့အနားမှာ
ဟန်ဆောင်ကာ
သာယာနေတဲ့ နင့်ကို
မမြင်ဟန်ဆောင်ရင်း
နင်ပျော်နိုင်ပါရဲ့လား
မေးလိုက်ချင်တယ်
တခါတခါ
ပျော်ရွှင်နေတဲ့
ငါ့အနားမှာတွေဝေစွာ
ငေးငိုင်နေတဲ့နင့်ကို
တွေ့လိုက်တိုင်း
ငါသိလာခဲ့တာတခုက
နင်ငါ့ကို……
စွန့်ခွာတော့မယ်လေ
ငါ့ရင်မှာတော့
သိနေလည်းမသိသလို
ဥပေက္ခာပြု ထားရင်း
စကားတွေနင့်အနား
တတွက်တွက်
ပြောနေခဲ့တာလေချစ်သူ
ငါ့ရင်ခုန်သံတွေမြန်နေတာ
ငါ့နှလုံးသားလေး
ခိုးခိုးပီးငိုကြွေးနေတာ
နင်မမြင်စေချင်လို့ဟ
နင်ကတော့
တခြားတယောက်ကို
သတိရတမ်းတနေမှာပါ
အရမ်းလွမ်းတဲ့
ညတွေမှာတိတ်တဆိတ်နဲ့ပဲ
အလွမ်းတွေကို
ကုစားနေရတယ်
နာကျင်နေတဲ့နှလုံးသားကို
ဘယ်လိုရှင်းပြရမလည်း
ငါမသိတော့ဘူး
သေချာတာတခုက
နင်နဲ့စကားပြောတိုင်း
ငါအသက်ရူသံတွေ
ဆွံ့အနေခဲ့တာကြာပီ
တဖြည်းဖြည်းကြဲလာတဲ့
ဆက်ဆံရေး နောက်ကွယ်က
အေးစက်စက်အပြုံး
ငါရင်အနာဆုံးပဲ
အပြစ်မရှိတဲ့
နှလုံးသားကို
ဒဏ်ရာတွေမပေးရက်တော့
နားထောင်နေတဲ့
သီချင်းထဲကလို
နင်ရွှေ့နေတဲ့အကွက်များလည်း
အားလုံးချစ်တဲ့စိတ်နဲ့
မေ့ပစ်လိုက်ပါမယ်
ငါမသိချင်
ဟန်ဆောင်ထားရင်းနဲ့ပေါ့
ချစ်သူရယ်…/\/*L့
           Phyur…/\/*L
===========================
    အလွှာ

ဂုဏ်ဓနတွေစည်းခြား
မြေပြင်နဲ့
ဝေဟင်ကြား
လေထုကဖြတ်ပြေး
မျက်ရည်လေးစီးခွေ
နီးလေလွမ်းလေ
အရှုံးစိတ်က
ပုန်းအိပ်လည်းမရ
လက်မလှမ်းဝံ့တဲ့
တော်ဝင်ပန်းတပွင့်က
နင်ဆိုရင်
တံချူကိုင်းငေးရတဲ့
ပန်းကောက်သူက
ငါပေါ့ချစ်သူ
လက်တွဲလို့
ဖြတ်သန်းချင်ကာမှ
နိမ့်ကျမှာစိုး
မြတ်နိုးလို့လည်း
မနမ်းသာ
နွမ်းမှာစိုးလို့
ခြွေလည်းမခြွေရက်
ကြွေပျက်မှာပူပန်လို့
မူမှန်စွာဘဝအသိနဲ့
အလှကြည့်ကာ
တိတ်တဆိတ်
မျက်ရည်ခြွေရင်း
အဝေးကခိုးခိုးပြီးလွမ်း
တမ်းတမှု့တွေက
ရင်နဲ့မမျှပေမယ့်
တို့နှစ်ယောက်ကြား
အလွှာ ခြားသွားခဲ့ပြီ

        သူရဇ္ဇ
===========================
အားပေးခွင့်မရှိသူ
နင်အားငယ်နေတဲ့
အခိုက်အတန့်မှာ
နင့်အနားမှာနေပြီး
အားပေးခွင့်လည်း
ငါ့မှာမရှိခဲ့ပါဘူး
နင်မမြင်နိုင်တဲ့
အဝေးကနေ
နင်အဆင်ပြေပါစေလို့
ဆုတောင်းပေးယုံက
လွဲလို့ ငါလည်း
ဘာမှမတက်နိုင်ခဲ့ပါဘူး
နင်ဘယ်နေရာသွားသွား
နင်ဘာတွေပဲ
လုပ်လုပ် နေ့ရက်တိုင်းမှာ
ကျမ္မာပြီး
ပျော်ရွှင်ပါစေလို့

မိသား
===========================
            သို့ •••ချစ်သူ

ပန်းအလှခြင်း

တူပေမဲ့လည်း

ခ ရေဖြစ်တဲ့

ချစ်သူမင်းကို

ငါဘာလို့ချစ်ခဲ့လဲ

မင်းသိလား

မြေခ ပေမဲ့

အ နေလှစွာ

မွှေးနေလို့ပါလေ

မိန်းမခြင်းတူပေမဲ့

နှလုံးသားမတူ

နားလည်မှု့တွေ

အပြည့်ယူထားတဲ့

ချစ်သူမင်းကို

တစ်သက်လုံး

ချစ်ပြမယ် ………


       နေမင်းအာကာ
===========================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ