Tuesday 22 December 2015

အနမ်းမိုး

ခင်ယုံပါဆို
ရင်ခုန်စရာတွေ မပြောနဲ့လေ
ရိုးရိုးသိတာဆိုလဲ
ခိုးကြည့်နေဖို့ မလိုဘူးလေ
ဖုံးဖိ မနေပါနဲ့ သူရယ်
ပြုံးကြည့်နေတာတွေ သိတယ်
ခင်မင်တာတွေ မပိုလဲ
အရင်လိုပဲ ဆက်ဆံပါ
စကားလမ်းတွေ ပျိုးပြီး
ငါ့နားကို အရမ်းမတိုးပါနဲ့
အနမ်းမိုးတွေ ရွာလိမ့်မယ်
                             တစ်ကောင်ဘွား(ဓာတ်တော်)
                    နှလုံးသား အရှုံး
ရင်ထဲက ချစ်ခဲ့ပေမဲ့
သူသိအောင် ဖွင့်မပြောခဲ့ဘူး
မကြင်နာမုန်းလို့
ရင်နာစရာ စကားလုံးတွေနဲ့
နှလုံးသားကို ထိုးနှတ် 
ရက်စက်ခဲ့ရင်လေ
တသက်တာ နာကျင်မှာ စိုးတယ်
ခင်မင်တာတစ်ခုနဲ့
ရင်တစ်ခုလုံး ကြည်နူးခဲ့တယ်
ခင်မင်ပျက်မှာ စိုးတာမို့
တိတ်တခိုးအချစ်တွေနဲ့
ခိုးပြီး ချစ်ခဲ့တဲ့ ငါ  
ဝေဒနာတွေဖြစ်လို့ ကျန်ရစ်ခဲ့ပြီ
ချစ်ရသူရဲ့ မင်္ဂလာပွဲ
 အသည်းကို လက်ဖွဲ့
နှလုံးသားကို တံတားခင်း
နင်းခြေသွားပါတော့ ချစ်သူရယ်
နှင်းတွေဝေတဲ့ ရာသီဆောင်းမှာ
မျက်ရည်စက်တွေ မိုးသို့ဆွေ
နှလုံးသားလေး ရှုံးခဲ့ပြီမို့
အသဲတစ်ခြမ်းနဲ့ ငါ
လွမ်း...လွမ်း.,လွမ်းရပြီလေ....
                   တစ်ကောင်ဘွား(ဓာတ်တော်)
ဝေဖန် အကြံပြုလိုပါက တစ်ကောင်ဘွား 09795950767သို့ ပေးပို့ အကြံပြုနိုင်ပါသည်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ