Saturday 12 December 2015

အမုန်းတွေကို သင်ပုန်းခြေမဲ့ နှလုံးသား

အဲ့ အကောင် နင်က အလုပ်မလုပ်ပဲ ဒီမှာ လာထိုင်နေတယ်ပေါ့ ဟုတ်လား
ခဏနားနေတာပါ မမလေး
ဒီအချိန်က နားရမဲ့အချိန်မဟုတ်ဘူး နင်တို့ကို အလကားခိုင်းတာမဟုတ်ဘူး တန်ရာတန်ကျေးပေးခိုင်းထားတာ
ကျနော်တို့လဲ လုပ်နေတာပါ မမလေး အဲ့လိုတော့ မပြောပါနဲ့
အောင်မာ ကျွန်က ကျွန်စကားမပြောဘူး ငါ့ကိုများ တစ်ခွန်းမခံ ပြန်ပြောနေတယ် ကဲဟာ ဟုဆိုကာ လူငယ်ကို ပါးလှမ်းရိုက်လေသည် ဒါပေမဲ့ ပါးရိုက်မည့် လက်က လေထဲမှာ တစ်စုံတစ်ယောက်က လက်ကိုဖမ်းယူထားသည်ကို ခံလိုက်သောအခါ နှင်းထွေး ဒေါသတကြီးနှင့် လက်ကို ဖမ်းယူထားသောသူကို လှည့်ကြည့်လေရာ ညီမလေး နှင်းအေးဖြစ်နေသည် ကို အံ့သြစွာတွေ့ရ၍ 
နှင်းအေး ဒါနင့်အလုပ်မဟုတ်ဘူး ဘာဝင်ရှုတ်တာလဲ သွား စာကျတ်ချေ
သူကို မရိုက်ရ မဆူရဘူးလို့ အဖေက မှာထားတယ်လေ မေ့နေပြီလား မမ
အဲ့ဒါနင်နဲ့ဘာဆိုင်လဲ
သူက အဖေရဲ့ကျေးဇူးရှင်သားဆိုတာ မမ သိနေပါရဲ့နဲ့ မမ သူကို ဘာလို့ရိုက်ရမှာလဲ
ဒီအကောင် မိုက်ရိုင်းလို့ ငါဆုံးမမလို့ဟေ့ 
အကုန်လုံး ညီမလေး ကြားသိ မြင်နေပါတယ် သူမမှားဘူး
ဘာ ဒါဆို ငါမှားတာပေါ့ ဟုတ်လား
ဟုတ်တယ် မမ မှားတာ အခု ညီမလေး သူကို လာခေါ်တာ
ဘာလဲ ဖေဖေက ခေါ်ခိုင်းတာလား
ဟုတ်တယ် ကိုအေးချမ်း ညီမနဲ့လိုက်ခဲ့ပါ  ဟုပြောပြီး နှင်းအေး ထွက်သွားသည် ဟူး အေးချမ်း မင်းဟာ နာမည်က အေးချမ်း ဘဝက ဝမ်းရေးတောင် သူများအိမ်မှာ ခိုင်းတာလုပ် ကျွေးတာစားပြီး မအေးချမ်းတဲ့ ဘဝပါလားကွာဟု တွေးရင်း ပင့်သက်ချမိသော အေးချမ်းတစ်ယောက် နှင်းအေးနောက်သို့လိုက်ခဲ့ရတယ် နောက်ကျောမှာတော့ မမလေးရဲ့မေတ္တာပို့သသံတွေက ဆူညံစွာကျန်ရစ်ခဲ့လေသည်....။
                              ကျနော်ရဲ့စာဖတ်ပရိတ်သက်တွေကို အမြည်းကျွေးကြည့်တာပါ  ရှေ့ဆက်ရေးဖို့ စာဖတ်ပရိတ်သက်တွေရဲ့ဝေဖန် အကြံပြုတွေကို ကျနော် တစ်ကောင်ဘွား မျှော်လင့်နေပါတယ် စာဖတ်သူတို့အားပေးမူ့ဟာ ကျနော်အတွက်အားဆေးတစ်ခွက်မို့ အားပေးပါလို့ ပြောပါရစေ  ၀၉၇၉၅၉၅၀၇၆၇သို့ ပေးပို့နိုင်ပါသည် 
                                                             ကြိုးစားပါဦးမည်
                                             တစ်ကောင်ဘွား (ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ