Sunday 27 December 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၅၅

စွယ်တော် ပုံပြင်

တို့နှစ်ယောက်ဘဝ
ချစ်ခဲ့စဉ်က
ဘယ်အခါမခွဲ
တိုင်တည်ရည်စူး
ချစ်ကြည်နူးခဲ့
မေသာမောင့်အသက်
နှစ်လွှာတလက်
စွယ်တော်ရွက်လို
ပုံပမာဆို
အချစ်ပိုခဲ့ကြ
တနယ်ဆီဝေး
တဖြည်းဖြည်းနဲ့
အနေဝေးကာ
မတွေ့တာကြာတော့
ငါ့ကိုနင်မေ့
တရွေ့ရွေ့နဲ့
ဘယ်၍ဘယ်မျှ
ငါလွမ်းပြလည်း
သွေးအေးရက်စက်
နင်မုန်းတက်ခဲ့
ပျောက်ရင်တနေ့
ငါရှာတွေ့မည်
စိတ်ကရည်လည်း
မမြင်အောင်ရှောင်ပုန်း
နင့်အပြုံးလေး
ရှာသော်မတွေ့
မေ့လည်းမရ
အနေခက်လှပြီ
ခြေဖျက်မရသည်
အတိတ်ကနင့်စကား
ပြန်လည်ကြားဆဲ
အားနည်းခိုက်မှာ
အတူတူဆိုထား
သစ္စာစကားလည်း
စွယ်တော်ရွက်လို
နှစ်မွှာတစ်လက်
ထက်ခြမ်းအက်လို့
ပုံပြင်တပုဒ်
ဖြစ်ခဲ့ပြီလား ဟာ ။


       သူရဇ္ဇ
***********************************
    ဝေဒနာ

ဒဏ် ရာလို့
ငါမ ပြောပချင် ဘူး
နင့်ကိုချစ်ဦးသူမှို့ပါ
လွမ်းပြတာကို
စိတ်မဝင် စား
နင် အချစ်မှားခဲ့တဲ့
ငါ
လမ်းပျောက်သော
ကြယ်ဟာ
မ တောက်ပပါဘူး
ငါ နင့်နားမှာ
မရှိသင့်တာ
ငါ့ရင် ထဲမှာ
ဝေဒနာအသိပါ

  နေမင်းအာကာ
***********************************

 ဟေမာန် အလွမ်း

ငွေနှင်းရည်ဖျန့်ကျဲ
မနက်ကတည်းက
လွမ်းနေမိတဲ့ ငါ
နေမင်းကြီး
အနောက်ကွယ်လျှိုး
ဘယ်အငြိုးလဲမသိပဲ
တဖွဲဖွဲကြွေကျ
နှင်းတွေကမစဲ
ဟေမာန်ဆောင်း
အစွမ်းပြလို့
ချမ်းလှတဲ့ညတွေမှာ
ငါ့ဝေဒနာကို
ကောင်းကင်မှာပစ်ဝဲ
နင့်အသည်းမှာ
ပန်းတပွင့်အဖြစ်
သန္ဓေတည်လို့
ပြန်လည်မွှေးဖွားရင်
ဆောင်း၏သခင်
ပန်းသဇင်သာ
ဖြစ်ပါစေသား
ပွင့်ဝေမဝခင်မှာ
လွင့်ကြွေကျရတဲ့
ပန်းမျိုးမဖြစ်ဖို့
တောင်းဆုခြွေ
သြော့့်။
မင်းဘဝ
ရွှေသဇင်ဆို
မြေပြင်မှာ
မကြွေပါစေနဲ့ ။့။

       သူရဇ္ဇ
***********************************
ကချင်မြေမှ
     ဖိတ်ခေါ်သံ

ချစ်စရာဓလေ့
အတူပျော်မွေ့ဖို့
ပျူငှာစွာဖိတ်ခေါ်
စိတ်ပျော်စရာ
သဘာဝအလှနဲ့
စိမ်းလန်းတဲ့ဒီမြေ
ခေါင်ရည်တကျိုက်
ပန်းသီးတကိုက်နဲ့
မောလည်းမပြန်ချင်တဲ့
မနောပွဲအသံတွေက
တောထဲပျံ့လွင့်
ရနံ့အစစ်နဲမွှေးကြူ
ဘေးလူစိတ်
ရင်သိမ့်စေမယ့်
စိမ်းညှို့ညှို့
အမှောင်စပ်လမ်းမှာ
တောင်ဇလပ်ပန်းတွေ
အစီအရီနဲ့ပေါ့
ကွေ့ကောက်ရစ်ခွေ
မြစ်ဧရာထဲစီးဝင်တဲ့
စမ်းချောင်းတွေ
ရင်သပ်ရှု့မောစရာ
ဆွမ်ပရာဘွမ်န်
ရေတံခွန်ကြီးလည်း
တဝေါဝေါနဲ့
ပြောမကုန်အောင်
လှပတဲ့မနောမြေ
ပြောနေတဲ့ခပ်ဝဲဝဲ
စကားသံတွေနဲ့
တခါရောက်
တသက်မမေ့တဲ့
အမှတ်တရတွေနဲ့
ပြန်ဖို့ကိုမေ့စေတဲ့
ဖော်ရွေမှု့က
ရင်ထဲမှာစိမ့်ပျော်လို့
ဖိတ်ခေါ်ပါရစေ
မနောမြေ့။

     သူရဇ္ဇ
***********************************
ဆောင်း၏နိဒါန်း

ဖွေးလွှလွှငွေနှင်း
အေးမြအောင်
ကြွေဆင်းလို့
လောကကိုအလှဆင်
ဆောင်းရဲ့ဝိဥာဉ်ဟာ
အေးမြနေမှ
သဘာဝကျလိမ့်မယ်
လေးသွဲ့သွဲ့
မြောက်ပြန်လေနဲ့
စီးဝင်လာတဲ့မွှေးရနံ့
သြော့်သဇင်ဆိုတာလည်းဆောင်းရဲ့
သခင်ပဲမဟုတ်လား
နွယ်ယှက်လို့ထိုးတက်မိုးထက်ကိုမျှော်
ဥတ္တရလေညှင်း
ဆောင်ယူသွင်းမယ့်
သမုဒယလပြာသိုမှာ
ဒုတိယမြခွာညို
ဆိုတာလည်း
ဆောင်းရဲ့ဒုတိယ
အရှင်သခင်ပဲ
မဟုတ်လာ့း့။

        သူရဇ္ဇ
***********************************
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ