Tuesday 8 December 2015

အသဲကြွေ နွေ

မကြင်နာ ရှောင်ခွါပြေးလို့ 
အဝေးကို ထွက်ခွါသူရေ
ရက်စက်စွာ နင်းခြေခဲ့လို့
အသဲကြွေခဲ့ရတဲ့  နွေကို
စမ်းရေတွေနဲ့လဲ မအေးဘူး
ပန်းတွေနဲ့လဲ မမွှေးပျံ့ခဲ့ဘူး
အနမ်းခြွေခဲ့ဖူးတဲ့ နွေမှာလဲ
အလွမ်းတွေနဲ့ နေခဲ့ရသူပါ
ရွက်ဝါကြွေပြောင်း လတပေါင်းမှာ
အတိတ်ဟောင်းကို မေ့မရ
နေ့ ည အချိန်တိုင်းမှာ
တမ်းတလွမ်းခဲ့ရတဲ့
စမ်းချောင်းလေး ဘေးမှာ
အလွမ်းသမားလေး တစ်ယောက်
ပြန်မလာတော့တဲ့ ချစ်သူကို
နွေနဲ့အတူ စောင့်မျှော်နေမိတယ်
အလွမ်းတွေက နွေလို ပူပြင်း
ရင်တွင်းက အသဲတွေလဲ
တစ်စစီကြွေခဲ့ရတဲ့ နွေ.....။
သြော် အသည်းကြွေခဲ့တဲ့ နွေရယ်
                     တစ်ကောင်ဘွား(ဓာတ်တော်)
အသဲကြွေခဲ့တဲ့ နွေကို ဝတ္ထုအဖြစ် ခံစားကြိုးစားပြီး ရေးခဲ့ဖူးပါတယ် ဝေဖန် အကြံပြု လို့ ကျေးဇူးလဲတင်ပါတယ် နောက်နောင်များမှာလဲ ဝေဖန်အကြံပြု စာလွှာများလဲ ပေးပို့ပေးကြပါဦးနော်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ