Thursday 31 December 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၅၆

သံသရာခရီးသည်

သွေးသားအရာ
အစနဲ့အူဝဲလို့အော်ကာမွေးဖွားလာ
လောကရွာလူပြည်မှာ
ဇာတိအစ
မရဏ အဆုံး
ပြုံးပြုံးလေးသေဖို့
ကြိုးစားကြပါ
ငါ ဆိုတဲ့အစွဲ
ကွဲလွဲအောင်
ခွဲထုတ်နိုင်မှ
သံသရာက
လွဲထွက်နိုင်မယ်
ပုထုဇဉ်ဘဝနဲ့
ဒုက္ခကိုဖယ်
သမုဒယကိုပယ်မှ
လူ့ဘဝရသည်အမြတ်ပါလောကီကိုခွာ
လောကုက္တရာ
စည်းစိမ်သည်သာ
မီးအိမ်ပမာ
အလင်းဆောင်လို့
စိတ်အကြံ
တရားကျင့်မှ
နိဗ္ဗာန်တံခါး
ပွင့်မည်ဧကန်
နေတပြန်
အနောက်ကွယ်ပြေး
ကွေးသောလက်မဆန့်မှီကျန်သောအသက်မွေးသည်ကစ
ဆန့်သောလက်
မကွေးမှီမှာ
အတွေးညီစွာ
ကုသိုလ်ရှာ
အခုလိုခါသာသနာ
ယုတ်ချိန်မှာ
နာနာရုဂ်ဆိုတာ
မမြဲခြင်းအနိစ္စမို့
အတိတ်က
မကောင်းမှု့ကို
တောင်းဆုမခြွေ
ကောင်းမှု့နဲ့ချေလို့
တကယ်တရား
စိတ်ညီမှ
အပယ်တံခါး
ပိတ်မည်သာ့။

     သူရဇ္ဇ
***********************************
   မျက်ဝန်း

ရီဝေဝေအကြည့်
နှလုံးသားအထိ
ခိုဝင် ဆူး
ငိုဖူးမှမျက်ဝန်းလှရင်
ရင်တဖက်စွန်းက
ဒဏ်ရာက
ကြယ်တစ်ရာ
လင်းသလိုထင်
မင်းငိုရင်
အလင်းပိုသလို
ထင်ရတဲ့
ခင့်အစိမ်းရောင်
ညို့မျက်ဝန်းတွေက
တိမ်းမယောင်
လျှို့ဝှက်လွန်းတာမို့
လမင်းကြီးလည်း
မယှဉ်သာခဲ့ဘူး
လေပြေအဝှေ့
လှိုင်းနဲ့အတွေ့မှာ
သိုင်းပွေ့ထားတဲ့
အလွမ်းထုပ်ကို
ဖြေချလိုက်တယ်
ငါ့ရင်ထဲမှာ
ရင်ခုန်လွန်းတဲ့
မင်းမျက်ဝန်းပဲ
သိမ်းထားတော့မယ်

        သူရဇ္ဇ
***********************************
* အလွမ်းဓာတ်ဆုံဆောင်းရိပ်မြုံ *

ဆောင်းစက်နှင်းမှုန်
ချမ်းအေးတုန်လည်း
အလင်းစက်အောက်
နှင်းဖွဲပျောက်၍ခြောက်ခဲ့ပြီ

ပြာလဲ့ကောင်းကင်
အလင်းတောက်လည်း
ညရီတရောအလင်းနောက်သို့
ပြားပြားဝပ်၍ပျောက်ခဲ့ပြီ

ညချမ်းအေးအေး
ခိုက်ခိုက်မှေးလည်း
ဝိညာဉ်လွင့်မတတ်
စောင်ခြုံ ပတ်လျက်နက်ခဲ့ပြီ 

သောကမီးပူ
အလွမ်းတေးကြူ လည်း
ပျိုပေါ်မလာဆောင်းတညမှာ
အလွမ်းထမ်းပိုးလေးလှပြီ်

သန်းခေါင်ယံထက်
တချက်တီးလည်းမောင့်မှာစက်မရ
အတွေးထဲဝဲခင်လေးမျက်နှာ
ဆေးရေးခြယ်၍ဆွဲခဲ့ပြီ

ချစ်သူသက်ထား
မုန်းပစ်ထားလည်း
နေ့စဉ်နှလုံးသည်းခြေဆုံးမှာ
မေ့ပျောက်ပစ်လို့မရတော့ပြီ

                     Phyur…/\/*L့
***********************************
* အတ္တတစိမ်း *

မာနတွေကိုထားခဲ့လေသလား
လေတံခွန်ဟာတိမ်စိုင်တွေကို
ယိမ်းနွဲ့စွာမျောလွင့်စေဖို့
လှပစွာတိုက်ခတ်တယ်
လေနှင်ရာလွင့်စင်ဦးမယ့် အတ္တ

တောင်ဘက်မှာမိုးတွေချုပ်တော့
ငှက်တအုပ်အိပ်တန်းတက်ဖို့
အသိုက်အမြုံ ဆီကိုအသီးသီးပြန်
သူပါမလာခဲ့တော့မွေးရပ်မြေကို
ငါမျှော်နေဆဲတနေ့နေ့ဆိုတဲ့အသိ

ကြက်ဖတွန်လို့မိုးမချုပ်ပါဘူး
ရင်လွှာထက်ကအနမ်းတွေနဲ့ 
နင်လှမ်းမဲ့လမ်းတွေကို
အကြင်နာမိုးတွေသွန်းပေးမယ်
ရက်စက်စွာချနင်းပစ်ခဲ့တာအမှိုက်

ဟောမသိစိတ်ကပြောပြ
ဟိုးအဝေးမှာမင်းပျော်နေတယ်
နေရာသစ်မှာ ဒုက္ခမတွေ့ဖို့
နံနက်ခင်းမှာအချိန်မှန်ဆုတောင်း
ကျောရိုးထက်ကအေးမြခြင်းတွေစိမ့်

မလာနဲ့တော့အစိမ်းရောင်ချစ်ခြင်း
ခနနေရင်ကြွေရမြေခတော့မှာ
နင်းလျှောက်တိုင်းကြေမွ အသည်း
လေဟာနယ်မှာဝဲအဝေးမှာလည်း
အေးမြခြင်းတွေရှိကောင်းရှိနိုင်ရဲ့ 

ကွဲအက်ခဲ့တဲ့ကျောက်စရစ်ငယ်
အနည်းဆုံးတော့လမ်းခင်းလိုက်
တဘဝစာခိုင်လုံတဲ့ချစ်ခြင်းမေတ္တာ
ငြို ငြင်စွာတွန်းကန်တဲ့သူကို
ဘောင်ခတ်ပြီးမထားခြင်တော့တာ…

                    Phyur…/\/*L့
***********************************
           မင်းအနား

ချစ်သူ

အိပ်မရတဲ့ ( ည )တွေ

အရမ်းလွမ်းရတဲ့

( နေ့ ) တွေ

ငါဘာလုပ်နေလဲ

မင်းမေးကြည့်ပါလား

ငါအရမ်းဖြေချင်နေတယ်

မင်းအနားကို

အ ရောက်သွားခါ

မင်းပါးလေးကို

ငါနမ်းရှိုက် တက်သလို

မင်းအလှတွေကို

ငါထိုင်ငေးနေတယ်

ချစ်သူ

သိပ်ချစ်လို့

မင်းအနားပါ

     နေမင်းအာကာ
***********************************
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ