Tuesday 8 December 2015

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၅၀

* ငါ့ရှင်သန်ခွင့်ဆိုတာနင် *

နှစ်ခြိုက်စွာအိပ်စက်ဖို့
ကြိုးစားတိုင်း. . . . .
နွမ်းလျမှုတွေနဲ့အတူ
ရောထွေးဝင်လာတဲ့
ခြောက်လန့်မှုတွေ
ယုံမှားသံသယနဲ့
ပြောလိုက်ဖူးတဲ့ စကားသံတွေ
နောင်တတွေနဲ့အတူ
မျက်ရည်တချို့ကျစီး
ငါမအိပ်စက်ဝံ့တော့. . . . .

အချစ်ကြီးလို့
အမျက်ကြီးခဲ့မိတာပါ
ရှေ့ဆက်ရမဲ့ခရီးမှာ
မပါရင်မဖြစ်နိုင်မှန်း
နင်ထွက်သွားတော့မှ
ငါသိခဲ့. . . . .
ရူးသွပ်စွာတောင်းတမိတယ်
ငါ့ဘဝရဲ့လမ်းပြကြယ်မို့. . . . .

ငါအသနားခံပါတယ်
အချစ်တွေပိုက်ထွေးလို့
ငါ့နှလုံးသားထဲ
စွန့်ကြဲပေးပါ. . .
ကြေကွဲစရာအတိတ်
ဝမ်းစရာအဖြစ်ဆိုး
အရိပ်လိုမသယ်ဆောင်ချင်တော့
နှလုံးသားကိုရင်ခွင်မှာ
မှေးစက်ခွင့်ပြုပါ. . .
အချစ်တွေကိုပျော်ရွှင်စွာ
စိုက္ပ် ဳိးပါရေစ. . . . .

အတိတ်ကိုစွန့်လွှတ်
အနာဂတ်ကိုထွန်းညှိလို့
မြုံ ရိပ်မှာ. . . . .
တူနှစ်ကိုယ်အိုအေစစ်လေး
ဖြစ်ပါရစေချစ်သူ. . . . .
baBy , i loVe yoU…/\/*L့
                      Phyur…/\/*L့
***********************************
…​ဆောင်း၏ညခင်း

…လမင်းသာသာ

…မြူလွာ​ငွေ့​ငွေ့

…တိမ်​အ​ရွေ့တွင်

…ခင်​မင်​သူ​လေး

…ဟိုအ​ဝေးက

…လမင်းကိုများ

…ကြည့်​​နေမလား...။

…​ဝေဝါးအမြင်​ ငါ့ရင်​ခွင်​ထက်

…နှင်းစက်​မှုန်​မှုန်

…ကလို့ခုန်​လည်း…

…ချမ်း​အေးမဟူ ​ရွှေရင်​ပူရ...

…​သောကဆူဆူ

…ချစ်​မိသူ​လေ..။

…ပန်း​လေးလှလှ လိပ်​ပြာခ၍

…ပျားနှင့်​ပိတုန်း

…တရုန်းရုန်းသွင်

…အမြင်​မလန်း ချစ်​ပန်းဝတ်​မှုံ

…နမ်းလို့ကုန်​မှ

…ပြန်​သွားကြမည်

…စိုးထိတ်​ပူသည်​…

…ငါသည်​ချစ်​ရ အ​ဝေးက ။

…တစ်​ဖက်​သတ်​ချစ်

…​မေတ္တာစစ်​က

…​နေမင်းဆယ်​ဖြာ

…​နွေကန္တာလို

…ပူပြင်း​လောင်​မြိုက်

…​အိပ်​ငိုက်​မ​ပျော်

…​ခေါ်လည်းမရ

…​မျှော်​ တမ်းတ တာ

…နင်​သာ …

…သိခဲ့မယ်​ဆိုရင်

…ဪ …

နင်​သာသိခဲ့မယ်​…ဆိုရင်…
တေပီ ဆြာ

ဗလ
***********************************
စံပယ်ပွင့်ပေမယ့်

စံပယ်နှင့် မတန်သူပါခင် ၊

မဆင်ရဲသူမို့

ရင်ထဲမှာ တိတ်တခိုးနဲ့

မြတ်နိုးခုံမင် ၊

အပင်ကိုပျိုးသူမို့

မြတ်နိုးလျှင်

ပန်ဆင်ထိုက်ပေမယ့်

ပန်လိုက်လျှင် နံ့သာခိုးသူလို့

ယိုးစွပ်ကာ စွဲချက်တင်

ပတ်ဝန်းကျင် ဆိုမှာပေါ့ ၊

သည်တော့ကွယ် စံပယ်နှစ်

ပန်းချစ်သူ အဆင်ခက်ပြီမို့

ပင်ထက်မှာ အလှဆင့်ကာ

(စံပယ်ရယ် …)

ပွင့်လိုက်ပါတော့


ဗလ
***********************************
*** အစ ***

…ခရီးဝေးကွာ .

…အချိန်ကြာညောင်း .

…မိုင်ပေါင်းကုဋေ .

…သွားရပေလဲ .

…ခြေတစ်လှမ်းမှ . စ.ခဲ့ ရ၏ ။

…မြကန်သာယာ .

…ရေများစွာတို့ .

…လျှံကာပြည့်နက် .

…ကန်ကျော်တက်လဲ .

…မိုးရေစက်မှ . စ.ခဲ့ ရ၏ ။

…ပန်းဥယာဉ်မှာ . ပန်းစုံစွာတို့

…ဝေဆာလှပ . ဖူးပွင့်ကြလဲ

…စိုက်ပျိုးခြင်းမှ . စ.ခဲ့ ရ၏ ။

…အတတ်ပညာ . ဘွဲ့များစွာတို့

…ပိုင်လာခဲ့ရ . တပ်ခဲ့ကြလဲ

…ဗျည်းသရမှ . စ.ခဲ့ ရ၏ ။

သူငယ်ချင်း…

…လျှောက်မည့်ခရီး .

…မနီးဝေးကွာ .

…မင်းမှာရှိစေ .

…ညည်းမနေနှင့် .

…တွေဝေငိုက်မြည်း .

…မှိုင်တွေညည်းလဲ .

…ခရီးဝေးမှာ . နီးမလာဘူး

…စိတ်မှသတိ . လုံ့လ မှီး၍

…မင်းရဲ့ ခြေလှမ်း . စ.ပါတော့
***********************************
{ နှစ်ယောက်တစ်အိပ်မက် }

… ထပ်တူအိပ်မက်

ပေးဆပ်ခဲ့လည်း …

… အငြိုးကြမ္မာ

ရင်နင့်စွာဖြင့် …

… မျှဝေခံစား

နှစ်ယောက်ကြားမှာ

ခြားနားမှုတွေ ရှိခဲ့ပြီ ……

… ညချင်းလဲ အတူတူ

လချင်းလဲ အတူတူ …

အော် …

… ဒါပေမဲ့ …

ဘဝချင်းက မတူတော့ …

… မိုးမြေကွာခြား

သောကများကို …

… လမင်းကြီးရယ်

ကြည့်ရက်တယ် … ။

ဗလ
***********************************

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ