Tuesday 1 December 2015

တွဲလက်

တွဲလက် ..

ပြောတယ် ..
ချစ်တယ် ဆိုတာ တဖွဖွ
လက်တွေ့မှာ
တလွဲလုပ်တတ်တာလေး တစ်ခုပဲ ...
ပေးတယ် ..
ကတိတွေ အထပ်ထပ်
တည်မြဲဖို့
မကြိုးစားတာလေး တစ်ခုပဲ ...
တွဲတယ် ..
လက်ကို တင်းတင်းဆုပ်လို့
အဲ့လက်က
ကိုယ်လက်ချည်းမဟုတ်တာလေး တစ်ခုပဲ ...
ဘာပဲဖြစ်ဖြစ်
ခွင့်လွှတ်ထားပါတယ်
နားလည်ထားပါတယ်
ရင်ထဲက အချစ်မကုန်သရွေ့တော့
မင်းလက်ကို ဆက်တွဲထားဦးမယ် .....

မုန်း (BeeTalk)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ