Wednesday 2 December 2015

အသည်းကြွေတဲ့ နွေ

                                            အခန်း(၃)
ဝတီနဲ့အတူ ကျောင်းဆင်းတိုင်းရွာထိပ်က ကန်ကြီးထဲမှာ ကြာပန်းတွေခူးပြီး ပျော်ခဲ့ဖူးတဲ့နေရာလေးမှ သုညဆိုတဲ့ ကျနော်တစ်ယောက်ထဲ အဖော်မပါ အတွေးနယ်ချဲ့လို့ နေပါတယ် အဘက ရွာမှာနေမယ်ဆို ကျောင်းမထွက်နဲ့ ကျောင်းထွက်မယ်ဆိုရင် ရွာမှာမနေနဲ့ လို့ ဆုံးမပြောခဲ့ဖူးတော့ ကျောင်းထွက်လာတဲ့ကျနော်မှာ ရွာမှာမနေဘဲ ကျောက်ဆည်မှာ စက်မူ့လက်မူ့ ပညာကို သင်ယူရတော့မယ်ဗျာ ကျနော်ရွာလေးကို တကယ်မခွဲခွါခြင်ပေမဲ့ သုညဘဝလှဖို့ အဘ စီစဉ်ပေးတဲ့ နေရာမှာ ပညာသင်ယူဖို့ မနက်ဖြန်ဆို သွားရတော့မယ် ဝတီကို နုတ်ဆက်ရင် ကောင်းမလား နှုတ်မဆက်ပဲ ရုတ်တရက်ထွက်ခွါသွားရရင်ကောင်းမလားလို့ တွေးနေမိတဲ့ အချိန်မှာ ကျနော်မျက်စိကို နောက်ကနေ လက်တစ်စုံက လာပိတ်လေသည်  ကျနော်သိပါတယ် ဒါ ဝတီပဲဖြစ်ရမယ်လေ ဒါနဲ့ ကျနော်လဲ ဝတီရဲ့ လက်လေးကိုကိုင်ပြီး                  ငါဒီနေရာမှာရှိနေတယ်လို့ ဘယ်သူက နင့်ကိုပြောလိုက်တာလဲ ဝတီ
ဝတီသည် ကျနော်ရဲ့ဘေးကို ကပ်ထိုင်ပြီး အေးထွေးက ပြောတယ် နင်ရွာထိပ်ကို ထွက်သွားတာမြင်လိုက်တဲ့
သြော် ဒါနဲ့ နင်က ကျောင်းစာတွေ လိုက်နိုင်လား 
လိုက်နိုင်ပါတယ် ဟာ နင်ရော ဒီနေ့ အလုပ်မသွားဘူးလား
အင့်အင် ငါမသွားဘူး နောက်နေ့လဲ ငါမသွားတော့ဘူး
ဘာဖြစ်လို့လဲ ဒေါန က အနိုင်ကျင့်လို့လား နင်ကလဲ ယောက်ကျားချင်းပဲ အဲ့လောက် 
မဟုတ်ပါဘူး ဝတီ ငါ မနက်ဖြန်လေ ကျောက်ဆည်သွားရမှာ
ဘာလဲ ရွှေကောက်ရတာမလား ဒါမှမဟုတ် ဘကြီးအေး ထီပေါက်တာလား သုည
တစ်ခုမှ မဟုတ်ဘူး ဝတီ
ဒါဆို နင်က ကျောက်ဆည်သွားပြီး ဘာလုပ်မှာလဲ
သုည သက်ပျင်းတစ်ချက်မှုတ်ထုတ်ပြီး ဝတီမျာက်နှာလေးကိုကြည့်ကာ       ဝတီ
ပြောလေဟာ 
ငါ့ဘဝက ဟော့ဒီ မြေဇာပင်လေးတွေလိုပဲ မြေကမ္ဗလာရဲ့အလှကို မြေဇာက တန်ဆာဆင် သလို ငါ့ ဘကြီးအေး စိတ်ချမ်းသာဖို့ ငါ့ မြို့မှာ ပညာသင်သွားမလို့ပါ
နင်က ဘာပညာသင်မှာလဲ 
စက်မူ့လက်မူ့ ပညာပါ အဲ့ဒီပညာတွေ မတက်မချင်း ငါ ရွာနဲ့ ဝေးနေရမှာပဲ ဝတီ
ဒါဆို နင်က မြို့မှာပဲ နေရမယ်ဆိုပါတော့ဟာ        နင်သာမြို့ရောက်လို့  မြို့က ကောင်မလေးချောချောလေးတွေတွေ့ပြီး ငါ့ကို မေ့မသွားနဲ့နော်  
ငါ နင့်ကို ဘယ်တော့မှ မမေ့ပါဘူး   ငါ့လို ဆင်းရဲမွဲတေပြီး တစ်ကောင်ကြွက် တစ်မျက်နှာကို အဖတ်လုပ်ပြီး သူငယ်ချင်းဖြစ်တဲ့နင့်ကို ငါ မမေ့ပါဘူးဟာ
စိတ်ဆင်းရဲ စရာတွေ မပြောနဲ့လေဟာ       နင် ပညာတက်ရင် ဒို့ရွာမှာ စက်မူ့လက်မူ့ဆိုင် ဖွင့်ပြီး လုပ်နော်    ဒါမှ ဒို့ရွာလဲ စက်မူ့လက်မူ့ တိုးတက်မှာ        
ငါ ပညာစုံတဲ့နေ့ ရွာကို ပြန်လာခဲ့မယ် အခု ငါတို့ အိမ်ပြန်ရအောင်နော်   ဟုဆိုကာ ဝတီရဲ့လက်လေးကို ဆွဲပြီး ရွာ အဝင်လမ်းလေးအတိုင်း ပြန်လာစဉ်          ဒေါနနှင့်တကွ ဝတီရဲ့ အမေကို မမျှော်လင့်ပဲ တွေ့ရလေသည် ဒေါ်ငွေခင်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ငွေကို အင်မတန်မက်မောပြီး ဂုဏ်မောက်နေတဲ့သူ ပေါ့   ဒေါ်ငွေခင်သည် ဝတီကို ဆွဲခေါ်ပြီး     ကျနော်ကို လက်ညှိးထိုးကာ
      မင်းနှယ် ဟင်းအိုးက အမဲရိုးမှ အားမနာ ငါ သမီးနဲ့ ပတ်သက်ရတယ်လို့ဟယ်     ငါသမီးနဲ့ နင်နဲ့ တန်လို့လား မိမရှိဖမရှိ တစ်ရွာလုံးရဲ့ခိုင်းဘက်က ငါ့သမီးကိုမှ ကြံစည်ရတယ်လို့ 
မဟုတ်ဘူး အန်တီ ဝတီနဲ့ကျနော်က သူငယ်ချင်းပါ အန်တီ စွတ်စွဲသလို မဟုတ်ပါဘူး
အို ဘာပဲဖြစ်ဖြစ် နောက် ငါ့သမီးနဲ့ မခေါ်ပါနဲ့ မခင်ပါနဲ့
ဒီလိုကောင်မျိုးက လမ်းဘေးက ခွေးလေ ခွေးလင့်လောက်တောင် အဆင့်တန်းမရှိပါဘူး ပြန်ရအောင်နော် အန်တီ
ဒေါန ရုပ်ကလေးလှသလောက် စိတ်ဓာတ်က တပြားမတန်ပါလား အေးမင်းပြောတဲ့အဆင့်အတန်းဆိုတာကို မင်းမှတ်ထား တစ်နေ့အဲ့ဒီအဆင့်တန်းမြင့်တဲ့နေရာမှာ ငါရောက်လာခဲ့ရင် မင်းအနေနဲ့ သုညဆိုတဲ့ငါ့ကို မမေ့လိုက်ပါနဲ့ မင်အန်တီ ဂုဏ်ဓနတွေနဲ့မောက်မာနေတဲ့အချိန်မှာ သုညရဲ့ဖွားဖတ်တော် သောကကို မေ့နေမှာပါ အဲ တစ်နေ့ သုညခံစားနေရတဲ့သောကကို သတိရရင် သုညဟာ တန်ဖိုးရှိနေမယ်ဆိုတာ ယုံကြည်ထားပါ ကျနော်သွားပြီ  ဝတီ သုညနှုတ်ဆက်ခဲ့ပါတယ်နော် ကံမကုန်ရင်တော့ ပြန်ဆုံမှာပေါ့ ဘိုင့်ဘိုင်ဟု လက်ပြနှုတ်ဆက်ကာ သုညသည် သူတို့အားလုံးကို ကျောခိုင်းထွက်ခွါလာခဲ့ပါပြီ 
အပိုင်း၎ကို မျှော်ပါ
ဝေဖန်အကြံပြုပါလိုလျှင် ၀၉၇၉၅၉၅၀၇၆၇သို့ဆက်သွယ်နိုင်ပါသည်
        ကြိုးစားနေလျှက်          တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ