Friday 25 December 2015

နွေနဲ့တူသော အချစ်

အချစ်ဆိုတာ တစ်ခါတလေ
စမ်းရေလိုအေးပြီး
ပန်းတွေလိုလဲ မွှေးတယ်တဲ့
ငါ့အတွက်တော့ အချစ်ဟာ
စမ်းရေလိုလဲ မအေး
ပန်းတွေလိုလဲ မမွှေးပဲ
အညာနွေလို ပူခဲ့ရတယ်
အချစ်ဆိုတာ ပျားသကာလို
ချိုမြိန်ကျတယ်တဲ့ ဒါပေမဲ့
အရာရာ ငါအတွက်တော့
တမာလို ခါးသီးခဲ့တယ်
ဒါကြောင့်မို့လေ ငါ့ရင်ထဲက
စကားလေးတစ်ခွန်း ပြောပါရစေ
အချစ်ဆိုတာ အညာရဲ့နွေ
အညာနွေနဲ့တူသော  အချစ်ပါတကား..
                                 တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ