Tuesday 8 December 2015

အသဲကြွေတဲ့ နွေ

ရက် လ နှစ်တွေ ကြာညောင်း
ရာသီတွေပြောင်းခဲ့လဲ
မမေ့နိုင်တဲ့ နွေ
ရွက်ဟောင်းတွေ ကြွေလို့
ရွက်သစ်ဝေတဲ့ နွေ
အနမ်းတွေ ခြွေခဲ့ဖူးတဲ့
စမ်းချောင်းလေး ဘေးမှာ
အလွမ်းတွေနဲ့ စောင့်မျှော်သူ
မောင်လို လူအတွက်
အလွမ်းရယ် ဒဏ်ခတ်ပြီထင်
ရင်ထဲက ချစ်သည်းလေးလဲ
ကြွေခဲ့ပါပြီ နွေ.....။
ပိတောက်ဝေဖူး နွေတန်ခူးမှာလေ
လေရူးတွေ တိုက်ကာမြူး
မေ့မရလေဘူး အချစ်ဦးရေ
အနမ်းတွေလဲ ခြွေခဲ့ဖူးတယ်
ပန်းတွေကိုလဲ ခူးခဲ့ဖူးတယ် 
စမ်းရေတွေထဲ ပျော်ခဲ့ဖူးတယ်
အခုတော့  အခုတော့လေ
အသဲကြွေခဲ့ဖူးတဲ့ နွေ
ဒိုင်ယာရီ မဟုတ်တဲ့ ဇာတ်လမ်းရဲ့
သရုပ်ဆောင် မဟုတ်တဲ့ ငါ
အနမ်းတွေခြွေဖူးတဲ့
စမ်းချောင်းဘေးမှာ လွမ်းကဗျာတွေနဲ့
လွမ်းနေသူရဲ့ ရင်ထဲက
အသည်းကြွေတဲ့   နွေ......။
                       တကောင်ဘွား(ဓာတ်တော်)
ကျွန်တော်ရဲ့ အသည်းကြွေတဲ့နွေ ဝတ္ထုတိုဇာတ်လမ်းကို ဝေဖန် အကြံပြု အားပေးပါဦး ရှေ့ဆက်ပြီး ဝတ္ထုရေးဖို့ ဆန္ဒရှိပါတယ်ခင်ဗျာ အားပေး အကြံပြု စာလွှာများကို  ၀၉၇၉၅၉၅၀၇၆၇သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ