Saturday 5 December 2015

အသည်းကြွေတဲ့နွေ ဇာတ်သိမ်းပိုင်း

အခန်း၅
သုည သည် ဘကြီးအေး အသဲသန်ဖြစ်နေပြီဆိုတဲ့ သတင်းကို သိ သိခြင်း ရွာကို အပြေးပြန်လာခဲ့ပြီ စက်ရုံတွေကလဲ နှုတ်ဆက်လို့နေရစိခဲ့ပြီ ဖှုန်မူံ့တွေ တလိမ့်လိမ့်နဲ့ စိမ်းဆိုခြင်းမရှိတော့တဲ့ သစ်ပင်တွေကလဲ ဆက်လိုက်မလာတော့ပါ ဆိုင်ကယ်ကို ပုံမှန်စီးနှင်လာတဲ့ သုညတစ်ယောက် ခြံထဲသို့ ဝင်လာပြီးဆိုင်ကယ်ကို စက်အရှိန်သတ်ပြီး အဘရေ သုညပြန်လာပြီဗျို့ လို့ အားရပါရ အော်ဟစ်ကာ အိမ်အပေါ်သို့ တက်လာစဉ်  မထင်မှတ်ပဲ မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့်  သုည အံ့သြထိတ်လန့်မိသည်
ဘကြီးအေးသည် အိပ်ယာပေါ်၌ အသက်ရှုခြင်းကို ရပ်တန့်ပြီး သုညဆိုတဲ့ ကျနော်ကို လူလောကထဲ စိတ်ချလို့ ထားရစ်ခဲ့ပြီ  အဘဘေးမှာလဲ  လူမူကူညီရေးက တာဝန်ရှိလူများသာ အသုဘ ချဖို့ စီစဉ်နေကြသညိ  သုည အဘရဲ့ လက်ကို ဆုပ်ကိုင်ပြီး  အဘရယ် အဘဖြစ်စေခြင်တဲ့ လုပ်ငန်းရှင် သူဌေး သုည ဖြစ်နေပြီလေ အဘ ထကြည့်ပါဦး ဗျာ ဟု ရင်ထဲက တိုးတိုးပြောမိပါသည် ပါးပြင်ပေါ် စီးဆင်းနေတဲ့ မျက်ရည်စက်ကို သုည ဖွဖွလေးသုတ်ပြီး နာရေးကူညီမူ့ အသင်းမှ လူကြီးနှင့် ဆုံတွေ့ပြီး အဘရဲ့ အသုဘကိစ္စတို့ကို စီစဉ်ခဲ့ပြီး ရွာထိပ်ကို ထွက်လာခဲ့သည်  ရက်ကို လစား လကို နှစ်စားလို့ ရာသီတွေအလီလီပြောင်းလို့ နှစ်ပေါင်းတွေလဲ ကြာခဲ့တဲ့ ရွာထိပ်က ကြာကန်ကြီးထဲမှာ ပဒုမ္မာတွေလဲ မတွေ့ရ ဗေဒါပင်တွေလဲ နတ္ထိ စိမ်းလှည့်ပြာရေပြင်က အမှိုက်သရိုက်မရှိ ကြည်လင်နေပါတယ် ဝတီရေ နင် ရွာထဲမှာ ရှိနေပါ့မလား ငါ့ကို လွမ်းတိုင်း နင် ကြာကန်လေးကို လာဖြစ်ရဲ့လား ဝတီရယ်  အတွေးတွေလွန်နေခိုက် ဘောလုံးလေးတစ်လုံးက သူခြေအစုံ၌ ထိမှန်ခြင်းအတွေ့ထိကို ခံစားရ၍နောက်သို့ လှည့်ကြည့်မိရာ သူအံ့သြစွာ တွေ့ရသည်က ဝတီ ပါ ဝတီနဲ့အတူ ၅နှစ်အရွယ် ကလေးကိုပါတွေ့ရလေသည် ဝတီသည် သူကို ခြေဆုံးခေါင်းစုံး ကြည့်ပြီး နင် နင် သုည ဟုတ်တယ်မလား ဟင်
ဟုတ်ပါတယ် ဝတီ ငါသုညပါ ဒါနဲ့ဒီကလေးက 
 ငါ့ရဲ့ သားလေးပါ ငါအီမ်ထောင်ကျတာ ၇နှစ်တောက်ပြည့်တော့မယ် နင်ရော မိန်းမပါလား
ငါ ဒီနေ့အထိ တစ်ယောက်ထဲပါ အခု အဘရဲ့နောက်ဆုံးခရီးကို လိုက်ပို့ဖို့ဆိုပါတော့
နင် ရင်ထဲခံစားနေရတာတွေ ငါ နားလည်ပါတယ် သုည 
ဒါနဲ့ အခု နင်တို့မိသားစု အဆင်ပြေတယ်မလား
ဒီလိုပါပဲဟာ ဘဝဆိုတာ ဖြစ်ခြင်တိုင်း ဖြစ်ခွင့်မရှိကြပါဘူး
ငါသွားတော့မယ် သုည အိမ်အလည်ဝင်ခဲ့ဦးလေဟာ
အင်းတနေ့တော့ ငါလာခဲ့ပါမယ်ဟု ပြောပြီး စီးကရက် ကို ဖွာရှိုက်ပြီး မီးခိုးများကို ကောင်းကင်ဆီသို့ မှုတ်ထုတ်လိုက်ပြီ
အော် ငါ့ဘဝက အဘလဲ သေ အသဲလဲကြွေ မမေ့နိုင်တဲ့တပေါင်းနွေ လွမ်းငွေ့တစ်ဝေဝေနဲ့ လွမ်းနေရဦးမယ် ရင်ထဲ တိတ်တခိုးနဲ့ လွမ်းဝေဒနာကို အမှောင်ထဲက နှလုံးသားတစ်စုံရဲ့ ငိုရှိုက်သံတွေ နင် မကြားပါစေနဲ့ ဝတီ  နင်ဘဝလေး ပျော်ရွှင်ပါစေလို့ဆုတောင်းရင်း  အသဲကြွေခဲ့တဲ့ မွေးရပ်ဇာတိမြေကို နောက်ဘယ်တော့မှ ငါမလာတော့ဘူး ထာဝရအတွက် နှုတ်ဆက်ခဲ့ပါတယ် ဝတီ နှုတ်ဆက်ပါတယ်ဟာ
                                             ပြီးပါပြီ
                             တစ်ကောင်ဘွား(ဓာတ်တော်)
ဝေဖန် အကြံပြုလိုပါက ၀၉၇၉၅၉၅၀၇၆၇သို့ ပေးပို့အကြံပြုနိုင်ပါသည် 

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ