Wednesday 30 September 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၁၂

အချစ်​ကို လက်​ခံမိချိန်​ကစလို့...
ပျော်​ရွှင်​ကြည်​နူးမှု ရက်​အနည်းငယ်​နှင့်​...
တဒင်္ဂစိတ်​ချမ်းသာမှု​လေး​တွေ...
ငါ..ရရှိခဲ့ပြီးတဲ့​နောက်​...
ဝမ်းနည်း​ကျေကွဲမှု ရက်​​ပေါင်းများစွာနှင့်​...
မကြာခဏစိတ်​ဆင်းရဲမှု​တွေ...
ငါ..ရရှိခဲ့ပါတယ်​...
မီးကိုတိုးတဲ့ပိုးဖလံဟာ...
သူ..အပူ​လောင်​ကျွမ်းခံချင်​လို့ မဟုတ်​ဘူး.
အလင်း​ရောင်​ကို သူက မက်​​မောလို့ပါ...
ဒါ​ပေမယ့်​ အလင်း​ရောင်​ရဲ့အရသာကို...
သူ..​​သေချာမသိ​ရ​သေးခင်​...
သူဟာ...အပူဒဏ်​ရဲ့​လောင်​ကျွမ်းခြင်းနဲ့...ဘ၀ပျက်​ခဲ့ရ​လေပြီ...:'( :'( :'(
အဲ့ဒါ ပုံပြင်​မှ မဟုတ်​ပဲ​လေ...................

ပေးပို့သူ-ဗလ
========================
''ရုန်းရင်းကန်ရင်း''

လေထန်တိုင်းသာ ပွင့်ကြွေပါမူ

ဘယ်မှာပန်းများ ကျန်မည်နည်း ။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ

ဘယ်မှာမြေကြီး ကျန်မည်နည်း ။

ကျဆုံးတိုင်းသာ ငိုရပါမူ

ဘယ်မှာမျက်ရည် ကျန်မည်နည်း။

အမှောင်တစ်ဝက် လင်းတစ်ဝက်သည်

တစ်ရက်တစ်ခါ ကြုံမြဲသာတည့် ။

အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ

မျက်လှည့်ပမာ တွေ့မြဲသာတည့်။

ဘဝသည်ကား တိုက်ပွဲများပင်

လှုပ်ရှားရသော လူ့ရွာတောဝယ်

လင်းသောမှောင်သော အောင်သောရှုံးသော

ချစ်သောမုန်းသော သစ်သောဟောင်းသော

ကောင်းသောဆိုးသော ညိုးသောလန်းသော

ကြမ်းသောနုသော ပူသောအေးသော

စိတ်ကြောစိတ်ဖြာ မနေသာ ။

လဲရာကထ ကျရာကတက်

ပျက်ရာကဆောက် ရှေ့သို့ရှောက်၍

ရောက်ရာဘဝ အားမာနပြရင်း

ရုန်းကန်ရမည်တကား

ပေးပို့သူ-ဗလ

========================
တကယ်လို့ ငါသေသွားခဲ့ရင်
မမကိုချစ်ခဲ့မိတဲ့ငါနှလုံသား
ကို အချစ်ကြီးသူရဲ့
နှလုံသားအဖြစ်
ပြတိုက်မှာ ထားပေးပါလို့
တောင်းဆိုပါရစေလား?

ပေးပို့သူ-ဗလ

========================
ချစ်သူ
က
ရယ်ဆိုရယ်လိုက်တာပဲ

ချစ်သူက
ငိုဆိုငိုလိုက်တာပဲ

ချစ်သူက
မုန်း သူ့ ကိုမုန်း

ချစ်သူက
ချစ် သူ့ ကိုချစ်

ချစ်သုကလိုအကျ
ရုပ်သေးရုပ်ကလေးလို
အညတြဘဝလေးထဲက
လမိုက်ညလေးမှာသာခဲ့ရတဲ့လလေးရယ်ပါ

ပေးပို့သူ-မုံရွာသား
========================
မိုးဘယ်လောက်ရွာရွာ
နေဘယ်လောက်ပူပူ
နှင်းဘယ်လောက်ဝေဝေ
ငါ့ရင်ထဲမှာ
ဘယ်တော့မှမသေတဲ့
ပန်းတစ်ပွင့်ရှိတယ်
အဲဒါ
မင်းကိုမေ့မရခြင်းဘဲ
ချစ်သူ

ပေးပို့သူ-ဗလ

========================


ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်
*********************************

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ