Sunday 27 September 2015

ကဗျာဂျာနယ်အတွဲ၁ အမှတ် ၉

 စာစီမရတဲ့အလွမ်းည
တေးသွားလည်းမလှ
တိုး​ဝှေ့လာတဲ့​လေ​ပြေ
ညှင်​သာတယ်​ဆို​ပေ
မဲ့ရင်​ထဲမှာ​တော့မုန်း
တိုင်းထန်​​နေတယ်​ကွဲ
အပ်​အပ်​နှလုံးသားအ
မုန်း​တွေသာစွန်းထင်​ခံ
ရ​တော့လှမ်း​နေဆဲ​ခြေ
လှမ်း​တွေလည်းဦး
တည်​ချက်​မဲ့လာသလို
လိုအကြည့်​​လေးတစ်
ချက်​မှာ​ပြေးတက်​လာ
ခဲ့ဖူးတဲ့ရင်​ခုန်​သံ​တွေနဲ
သူရဲ့အပြုံတစ်​ပွင့်​မှ
တစ်​သက်​သာလိုထင်​ခဲ့
ဖူးတဲ့ငါ့​နေ​တွေအခု​တော့လည်းအမုန်းဟန်
နဲ့ငါ့ရင်​ကို​​ စုံကန်​သွား
ခဲ့ပြီ​လေ**********            

ပေးပို့သူ-မိသား

===============================


နောင်​ခါ ​နောင်​တ ရတတ်​တယ်
ငယ်​ခါပညာမသင်
နောင်​ခါ​နောင်​တရတတ်​သည်​ငယ်​ကဥစ္စာမ​ဖွေရှာ
နောင်​ခါ​နောင်​တရတတ်​သည်​စဉ်းလဲယုပ်​မာချစ်​ဖျက်​ရှာ
နောင်​ခါ​နောင်​တရတတ်​သည်​သနားမဲ့ကာသက်​သတ်​ရှာ
နောင်​ခါ​နောင်​တရတတ်​သည်​သူ့သားမယားဖြစ်​များငြား
နောင်​ခါ​နောင်​တရတတ်​သည်​ပစ္စည်​ရှိကာမလှူရှာ
နောင်​ခါ​နောင်​တရတတ်​သည်
မွေးမြူမိဘမပြုက
နောင်​ခါ​နောင်​တရတတ်​သည်
ဆုံးမသြဝါမလိုက်​နာ
နောင်​ခါ​နောင်​တရတတ်​သည်
ပညာရှိထံနည်းမခံ
အမှန်​​နောင်​တရတတ်​သည်
ဆမြတ်​တရားမကျင့်​ငြား
နောင်​ခါ​နောင်​တရဆတ်​သည်

ပေးပို့သူ-စပါယ်

===============================
''ကဗျာ ချစ်သူ''
ကဗျာကိုချစ် ကဗျာနှစ်ကို
စုလစ်ဖွေရှာ ရေးသီကာဖြင့်
လောကအလှ ဆင်ကာသသည်
ငါကားပီတိ ကြည်နုးမိ၏ ။
ဝန်းကျင်ဖွဲ့ရေး လင်္ကာတေးနှင့်
အစဉ်မပြတ် ရေးကာစပ်တော့
အရာဌါန မှန်သမျှပင်
လောကပန်းခင်း ကြိုင်လှိုင်သင်းအံ့ ။
ဖူးပွင့်ဝေဆာ စာကဗျာနှင့်
ဘဝအမော သောကတောမှာ
နိစ္စဒူဝ ကြုံသမျှကို
တွေးကာရေးသီ ကြောင်းကျိုးညီသော်
ပြေ၏အမော အေးစေငြိမ်းလော့ ။

ပေးပို့သူ-ဗလ

===============================

သတိတရ

မေ့မရနှင့်

အလွမ်းကို

အပြစ်မဆိုစေလို

ကြင်နာပို

သမုဒယသျှက်နွယ်သမျှ

ကုစားမရ

ဝေဒနာလှကို

သိစေချင်တယ်

..........ရယ်
ပေးပို့သူ-ဗလ

===============================


ပန်းတို့ဝေဆာ

ချစ်ကမ္ဘာမှာ

ပျော်ဖွယ်အတိ

ရင်ခုန်ဘိနှင့်

ရှိလိမ့်ထင်နိုး

ငါမျှော်ပိုးခဲ့

ကြုံလာအစ

တခဏမှာ

အတွေးနဲ့ခြား

လက်တွေ့များမှာ

အလှပျက်သုဉ်း

ကြေကွဲမဆုံးတည်း ။

ပေးပို့သူ-ဗလ

===============================



ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ