Thursday 3 September 2015

ချစ်သူသို့

ကံ ကြ မ္မာ ရိုင်း တွေ ကြား
ကို့ ရဲ့ ကူ ညီ ဖေး မ မှု က
အား တစ် ခု ပါ ချစ် သူ ...

မ ပြေ လည် တဲ့ အ တား အ ဆီး ကြား
ကို့ ရဲ့ လက် တွဲ ခေါ် ဆောင် မှု က
အား တစ် ခု ပါ ချစ် သူ ...

အ ဆင် မ ပြေ မှု တွေ နဲ့
လွှမ်း ခြုံ ထား တဲ့ နေ့ ရက် တွေ မှာ
ကို့ ရဲ့ အား ပေး ထောက် ပံ့ မှု က
အား တစ် ခု ပါ ချစ် သူ ...

မ ညီ ညာ တဲ့ အ မြင် တွေ ကြား
ကို့ ရဲ့ နား လည် ပေး မှု က
အား တစ် ခု ပါ ချစ် သူ ...

ချစ် သူ ...
အ မှောင် မှာ လျှောက် လှမ်း နေ တုန်း
လ မင်း ပ မာ လမ်း ပြ သူ မို့
ကျေး ဇူး ပါ ... ကို ...

ချစ် သူ ...
ဘ ၀ ခ ရီး မှာ ပင် ပန်း စွာ လျှောက် လှမ်း နေ တုန်း
အို အေ စစ် ပ မာ အ မော ပြေ စေ တာ မို့
ကျေး ဇူး ပါ ...ကို...

ချစ် သူ ...
လှိုင်း ကြမ်း ဘ ၀ ရေ ခ ရီး လမ်း မှာ
ပဲ့ ကိုင် ရှင် ပ မာ ထိန်း ကျောင်း ဖေး ကူ ပေး တာ မို့
ကျေး ဇူး ပါ ... ကို ...

ချစ် သူ ...
အ ရာ ရာ နား လည် ပေး တာ မို့
အ တိုင်း ထက် မ က ချစ် တယ် ...

ချစ် သူ ...
ပေး ဆပ် ချစ် ခြင်း နဲ့ ချစ် နေ သူ မို့
ထာ ၀ ရ ချစ် တယ် ...

ချစ် သူ ...
အ ရိပ် တ ကြည့် ကြည့် နဲ့
စောင့် ရှောက် ပေး တတ် သူ မို့
အ နှိုင်း မဲ့ စွာ ချစ် တယ်...


အနှိုင်းမဲ့ချစ်ခြင်းမေတ္တာများစွာဖြင့်
မေ စံ ပယ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ