Friday 11 September 2015

ဒိုင်ယာရီရှင်းတမ်း

***

*********
ကျွန်တော်ဒိုင်ယာရီ၏ စာမျက်နှာတိုင်းသည်.....
**************...............
သူမနှင့်ပက်သက်သော စိတ်ကူးတချို့ ဖြင့်
အနမ်းတွေကိုရေးသလို
အလွမ်းတွေကိုလည်းရေး၏
အချစ်တို့ ဖြင့် နွေးထွေးသလို
အမုန်းတို့ ဖြင့်လည်းရင်းနှီး၏
သွေးပျက်မတက် နာကျင်မူတို့ ရှိသလို
ရင်ခုန်ကြည်နူးမူတို့ လည်းပြည့်နှက်၏
မျှော်လင့်ချက်ဖြင့်ရှင်သန်စေတက်သလို
ဝင်သက်ထွက်သက်ကိုလည်းရပ်တန့် စေတက်၏
.........................................................
***********
ကျွန်တော်ချစ်သော သူမက
...........
ပုံတော်ဖိနပ်စီး ရွှေထီးဆောင်းတဲ့ 
မဟာနွှယ်လိုလည်း မက်မောဖွယ်မရှိခဲ့ 
သို့ သော် ******...........
ညို့ ချက်မပြင်း မာယာရှင်းစွာနဲ့ 
သံယောဇဉ်အထပ်ထပ် ရစ်ပတ်နိုင်တဲ့ သူ
..........................................................
*************
ကျွန်တော်ချစ်သော သူမက
အာဒံ ဧ၀ နှင့် ပန်းသီးပုံပြင်လိုလည်း
စိတ်ဝင်စားဖို့ မကောင်းခဲ့ 
သို့ သော် ****** ........
နှလုံးသားတစ်စုံရဲ့ သမိုင်းကို
ကဗ္ဗည်းရိုင်းတွေ ထွင်းပေးနိုင်တဲ့ သူ
.....................................................
*************
ကျွန်တော်ချစ်သော သူမက
.................
ပဉ္စလက် မဆန်သလို
ချစ်ခြင်းတို့ ဆောင်ကျဉ်းတဲ့  ဗီးနပ်စ်ရဲ့ တမန်တော်လဲမဟုတ်ခဲ့ 
သို့ သော်*******.........
ကျွန်တော့်အတွက် လှိုက်မောဖွယ်အတိနဲ့ 
အိမ်မက်လှလှတို့ ရဲ့ ဖန်ဆင်းရှင်
ထိုကြောင့်.....
မြတ်နိုးခြင်းသက်သက်ဖြင့် သူမအား ကျွန်တော်ချစ်၏ ......ဂျလေဘီ

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ