Thursday 10 September 2015

တင်းထားတဲ့ကြိုး
ပြတ်လုပြီထင်ပါရဲ့
ခင်မင်မှု
တွယ်တာမှု
သတိရမှု သုံးလွန်းတင်ကျစ်တဲ့ကြိုး
အချိန်တွေတိုးလာတော့
သံယောဇဉ်ကြိုးဖြစ်ခဲ့တယ်
ခုတော့လည်းတစ်ဖက်ဆီပြန်ဆွဲ
ပြတ်လုတည်းတည်းလေးရယ်သာ။

အညတြလုလင် ( ၁၀ - ၉ - ၂၀၁၅ )

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ