Wednesday 16 September 2015

အသည်းကြားက

ဒုက္ခသစ္စာကို
ကျုပ်မှဖြစ်တာလို့
အတွေးတိမ်လိုက်မယ်

အနီရေင်ကိုလိုလို့
နှင်းဆီကိုပျိုး
အစိမ်းရောင်နှင့်ညားတော့မယ်

အမျိုးမစစ်တော့
အကျိုးမဖြစ်ဘူပေါ့
ကိုယ့်အကျိုးကိုသာအရကျစ်တဲ့

အတ္တအသံ
နားစည်ကိုရိုက်ခတ်တော့
ကိုင်း.. ဘာဖြစ်လာမလည်း

ပြောင်းလဲမှုကိုလိုပါတယ်ဆိုမှ
အဆိုးထဲအကအကောင်း
အိုဘာဟောင်းကိုင်ကြပြီပေါ့

ကိုယ့်ပြု့သည့်ကံတဲ့
ပဲ့တင်သံကိုပဲနားထောင်တော့မယ်
ခင်ဗျားတို့သဘောပေါ့

ကာလာချိန်းတဲ့ဇာတ်
စခန်းသတ်တဲ့နေ့
ကျုပ်လူဖြစ်ပြီလို့
ဟစ်လိုက်မယ်။

ဇွဲထက်ယံ (ကိုကြီး

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ