Monday 21 September 2015

ကဗျာဂျာနယ်အတွဲ၁အမှတ်၅

ဒီညတော့လိုင်းမကောင်းလို့အဖြူအမည်းလေးပဲတင်ပေးလိုက်ပါတယ်

နှုတ်​ဆက်​ချင်းတွေက
ခွဲခွာမှူ့ရဲ့ အစိတ်​ပိုင်း​လေး
တစ်​ခုဖြစ်​​နေတာဆိုရင်
ငါ နှုတ်​မဆက်​မရ​စေနဲ့
ချစ်​သူ
တိတ်​ဆိတ်​စွာနဲ့ မင့်​ကို
ချစ်​​နေတဲ့ အချစ်​​တွေနဲ့အတူ
ငါ အလွမ်းရဲ့ ဒဏ်​ကို
ခုခံရင်​ မင့်​ကို သတိရ​နေပမယ်
ချစ်​သူ

ရေးသူ-စစ်မျိုးဗလ
===============================

۩နင်မမြင်တဲ့ငါ့အချစ်۩

ချစ်သူ မင်းထားခဲ့ ပေမယ်
ငါမင်းကိုတစ်နေ့ မှမေ့မရပါဘူး

အမြဲတမ်းလွမ်းသလို
အမြဲတမ်းသတိရနေတယ်

နင်ငါ့ကို စွန့်ပစ်ခဲ့ ခဲ့ ပေမယ့်
ငါနင့်ကို မမုန်းဘူး

အကြောင်းတစ်ခုခုကြောင့်လို့ 
ငါဖြေသိမ့်လိုက်တယ်

ခုနင်ပျော်နေတာငါမြင်ရပြန်တော့
ငါကိုနင်ထားခဲ့ တာ
ငါကျေနပ်မိပြန်တယ်

တကယ်တော့ချစ်သူ
ငါရင်ထဲကအချစ်တွေကို
မင်းမြင်လိမ့်မယ်ဆိုရင်
ငါ့ကိုမင်းသနားမှာပါကွာ~~~~~~~

ရေးသူ-သွေးငယ်
############################
♪နိဒါန်းမလှတဲ့ နိဂုံး♪

ချစ်သူ~~~
မင်းဆီကနေ ချစ်တယ်ဆိုတယ့်စကားကို
တစ်ကြိမ်တစ်ခါသာငါကြားခဲ့ရတယ်

ချစ်သူ~~~
ငါ့အချစ်တွေအကုန်လုံးကို
အနိင်ပိုင်းပြီး
ယူသွားခဲ့ပြီးကာမှ
ငါ့ကိုမင်းထားခဲ့ တယ်

ချစ်သူ~~~
မင်းငါ့ကိုတကယ်မချစ်ပါပဲ
ဘာကြောင့်မို့ ချစ်တယ်လို့ 
မင်းပါးစပ်ကညာပြောခဲ့ ရတာလဲကွာ

ချစ်သူ~~~
ခုဆိုရင် မင်းကြောင့်
အပြစ်မရှိတယ့်ငါ့နှလုံးသားလေး
ကွဲကြေခဲ့ ရပြီ

ချစ်သူ~~~
နောင်ဘဝဆိုတာရှိခဲ့ ရင်
မင်းလိုမိန်းကလေးမျိုးနဲ့ 
မဆုံရပါစေနဲ့ 
ငါတောင်းဆုပြုခဲ့ ပါတယ် ♥♥♥♥♥♥♥♥

                               ♠
ရေးသူ-သွေးငယ်
$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ဒီမိုကရေစီမူလတန်းဖတ်စာ

မကြေနပ်ရင်ဆန္ဒပြမည်
ဒါဟာဒီမိုကရေစီ
လုပ်နေတာကသောက်တစ်လွဲ
နိုင်ငံအရှက်ကွဲ
စည်းကမ်းဖေါက်သည့်သူ့ဂုဏ်ရည်
အကောင်းမှတ်နေသည်
ကားသမားတွေဆန္ဒပြ
ပြည်သူတွေဒုက္ခ
ဂိတ်ကထွက်လို့မောင်းပါပြီ
ခရီးသည်ကိုမစာနာသည်
ကိုယ်ပိုင်ကားများမှတ်နေသလား
ခရီးသည်ကိုသူဟောက်စား
ရှေ့ကိုတိုးပါပြောနေတာ
နားမပါဘူးလားဗျာ
မတိုးနိုင်ရင်ကိုယ်ပိုင်ကား
ဝယ်လို့စီးပါလား
သတ်မှတ်လမ်းကမမောင်းတယ်
သူများလမ်းကိုတောင်းဝင်တယ်
မှတ်တိုင်ရောက်တော့အပြေးအလွှား
ခရီးသည်ကိုမောင်းချထား
ဟိုရပ်သည်ရပ် ရပ်ပြန်ပြီ
ကျောက်ချထားတတ်သည်
နောက်ကားမြင်တော့အပြေးအလွှား
ကားပြိုင်ပွဲလိုမောင်းလို့သွား
ညနေစောင်းတော့တစ်မျိုးပြောင်း
တစ်ရာလမ်းကိုနှစ်ရာတောင်း
နှမချင်းလည်းမစာချင်
ကောင်းမလေးဆိုဖင်တွန်းတင်
စည်းကမ်းဖေါက်လို့ဒဏ်ကြေးမြှင့်
ဆန္ဒပြမယ်ကားသမားအကျင့်
ခရီးသည်ကထမင်းရှင်
သူတို့ဒီလိုမမြင်
ဆန္ဒပြပါကားသမား
တက္ကစီတွေပျော်တယ်ဗျား

ရေးသူ-ရွှေမြို့တော်
===============================
♠အမုန်းနံပါတ်စဉ် တစ်♠

မိန်းကလေးရေ
သစ္စာတရားကိုလက်ကိုင်ထားပြီး
မေတ္တာတရားနဲ့ 
တစ်ချိန်တုန်းက မင်းပြောခဲ့ တယ့်
ချစ်တယ်ဆိုတယ့်စကားကလေ
ရေပေါ်မှာရေးလိုက်တယ့်စာလိုပဲ
ဘာမှကိုအရာမထင်ပါဘူး
ဒါပေမယ့် မင်းရဲ့ လုပ်ရပ်ကြောင့်
ငါ့နှလုံးသားရေပြင်က
လိုင်းကြတ်ခွပ်လေးထသွားတာပေါ့
ရေတွေရဲ့ သဘောအရ
ခုတော့လဲ ငါ့နှလုံးသားလေး
တည်ငြိမ်သွားပါပြီ~~~
ခုချိန်လာပြီးတော့
မင်းကိုချစ်သေးလားလို့ လာမမေးနဲ့ နော်
ငါ့အမုန်းစားရင်းရဲ့ 
နံပါတ်တစ်ဟာ မင်းဖြစ်သွားပြီ~~~~~~~


                                 ♥
ရေးသူ-သွေးငယ်

===============================

ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ