Friday 25 September 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၇



အမုန်းသခင်ရဲ့ရက်စက်မျက်ဝန်းಊಊಊಊಊಊಊಊಊಊ

ရက်စက်သောသူ
ပျော်နေချိန်မှာ
ရင်မှာမြတ်နိး
တိတ်တခိုး ချစ်ခဲ့ ရတယ့်
ဒီကလူက
အမုန်းဒဏ်တွေသင့်နေပါပြီ
အမုန်းသခင်ရေ
ငါ့ကိုရက်စက်လွန်းတယ့်
အယ့်မျက်လုံးတွေနဲ့ 
မကြည့်ပါနဲ့ 
မင်းအချစ်ကိုမပိုင်ဆိုင်ရရင်နေပါစေ
မင်းပေးမယ့်အမုန်းဒဏ်ကို
ငါမခံနိင်လို့ ပါ
♪♪♪♪♪♪♪♪♪♪

                       ရေးသူ-သွေးငယ်
===============================
မနက်မိုးလင်းအိပ်ရာကထ

ခပ်တိုးတိုးလေးနှုတ်ဖျားက

ခဏခဏခေါ်မိတယ်

ချစ်လို့မ၀တာကိုလည်းပျော်မိတယ်

ဖုန်းဆက်မလားလို့ မျှော်မိတယ်

ကျွန်တော်သိတယ်

ကျွန်တော့်ရင်ထဲ......

သူရှိနေမယ်ဆိုတာ.....ထာဝရ

ချစ်တဲ့ပမာဏာက

သည်ကမ္ဘာပေါ်

ကျွန်တော် ပထမ

ကဲပါ... ပြောချင်သလိုပြောကြ

ကျွန်တော့်အတွက်တော့....

သူကချစ်မဝ

ရင်ထဲမှာတော့...တသသ
ရေးသူ-ရွှေမြို့တော်

===============================

နင်ကမေ့တတ်တဲ့သူဆိုကောင်းမှာ
ငါ့နှလုံးသားထဲ နင်ဝင်လာတဲ့တံခါးကိုမမှတ်မိပါစေနှင့်
တိုးတိုးလေးပြောချင်တဲ့ စကားလေးတစ်ခွန်း
ရင်ဘတ်ထဲအေးခဲနေတာသုံးရာသီမတ်တင်းပေါ့
နင်ပြန်မလာတော့ရင်တောင်နှလုံးသားကိုမက်ဆေ့ပို့ပေးပါ
ငါမဖတ်ဘဲသိမ်းထားပါ့မည်။
တစ်ရက်သာသာ ပန်ခဲ့တဲ့
စပယ်တစ်ပွင့်ရဲ့ ခပ်ရင့်ရင့်နေ့စွဲတွေ
မျက်ရည်စက်လက်နှင့်ရေထဲခုန်ချသွားပြီ
ရာသီအစမှာမတွေ့ရပေမည့်ရာသီအဆုံးမှာ
` အလွမ်း ´ တွေအစွမ်းပြနေတယ်
ငါရေးခဲ့တဲ့ ကဗျာတွေကိုတရားခံပြသက်သေအဖြစ်
ရုံးတော်ကိုဦးတိုက်လျှောက်ထားတယ်
`Yes I Do ´ လို့နင်ပြောတဲ့နေ့
နင့်အရှေ့မှာငါဒူးထောက်ပါ့မယ်နော်။
.
ရေးသူ-တတ

===============================
ဘဝမှာ
အမြင့်ရှိသလို
အနိမ့်လည်းရှိခဲ့ဖူးတယ်
အဲ့ဒီတုန်းက
အနားမှာရှိပေးတဲ့သူ
တွေကို ကျေးဇူးတင်ပါတယ်
ကောင်းသူ ဆိုးသူတွေရောပေါ့
သူတို့ကြောင့်
အခတ်အခဲ့တွေကို
ကျော်ဖြတ်ပြီး
ဒီနေ့ဒီအချေနေရောက်ခဲ့ရတာ ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ရယ်••••

ရေးသူ-မင်းမင်းစိုး(သရက်ချောင်)

===============================
အဖိုးတန်လမင်း

ချစ်သူ~~~~~~
မင်းသာလမင်းလေးဆို
ငါအတွက်ညဆိုတာ
အရမ်းကိုလှပလိမ့်မယ်
မင်းရဲ့ အလှကိုထိုင်ကြည့်ရင်း
ညဆိုတာကိုဖြတ်သန်းလိုက်မယ်~~~~~
ဒါပေမယ့်ချစ်သူ
မင်းကိုကြည့်ရင်း
တိမ်တိုက်တွေဖုံးအုပ်သွားမှာ
စိုးရိမ်သလို
လမိုက်ညရောက်မှာကိုလဲ
ကြောက်နေမိတယ်
လွန်ဆန်မရတယ့်
လောကတရားကို
ငါဥပေက္ခာပြုလို့ မှမရတာ
ဖယ်ရှားလို့ မရသလို
ကျော်သွားလို့ လဲမရပါဘူး
ငါ့ဘဝကငေးကြည့်ရုံပဲလေ
တကယ်တော့မင်းဟာ
ငါ့အတွက်
အဖိုးတန်လမင်းလေးပါ~~~~~~


                   
ရေးသူ-သွေးငယ်

===============================

ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ