Thursday 1 October 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၁၃

''မှိုင်းညို့ညို့လွင် ရွာမည်ပြင်၍
လျှက်စစ်ရောင်ဖြာ ထက်အာကာမှာ
ဇာမျှင် တိမ်ပန်း ရောင် ဝါလွှမ်းလျက်
ပြိုတော့မည်ရောင် မိုးနတ်မောင်''

ပေးပို့သူ-ဗလ
========================
ချစ်နဲ့ဝေးတဲ့အချိန်မှာ
သတိရခြင်းမှတ်တမ်းတစ်ခု
ငါပြုစုထားတယ်
ဖတ်ချင်ရင်ယူဖတ်လေ
အလွမ်းတွေကူးစက်သွားရင်
တာဝန်မယူဘူးနော
်တနယ်စီဝေးချစ်သူ
လေးမို့ နေ့ ရက် ရှည
ချစ်မိလေ လေ
 အချစ်စစ်ဆို
ပြိုင်မျဉ်းနှစ်ကြောင်းလို
လွယ်လွယ်နဲ့ဆုံမှတ်ဖြစ်မလာဘူး
 ကာရံမညီစာမမိတဲ့
ဘဝမို့နေလောင်နေတဲ့ငါနှလုံးသားက
ိုရင်မခုန်ဘူးထင်ပါရဲ့...

ပေးပို့သူ-ဗလ
========================
ဖြစ်နိုင်မယ်ဆိုရင်
ကမ္ဘာမြေရဲ့ဘယ်နေရာရောက်နေပါစေ
ငါ့အချစ်တွေနင်သိစေဖို့
လမင်းရဲ့မျက်နှာပြင်မှာ
ရေးပြချင်တယ
ငါ့ရဲ့အချစ်ဟာ
ဗိုလ်အောင်တင်လို
မကြမ်းပေ့မယ့်
ဒသာဂီရိလို
လွမ်းတတ်တယ်နော်
 အက်ကွဲနေတဲ့အလွမ်းတွေကို
အစိမ်းချုပ်ဖို့
မေ့ဆေးမလိုပါဘူး
မင်းရဲ့အကြည့်တစ်ချက်နဲ့တင်
လုံလောက်ပါပြီ 
ချစ်သူမရှိတဲ့ဘဝ
ကြယ်မရှိတဲ့ညလို
မလှပခဲ့ဘူး
 ခြောက်သွေ့သွားတဲ့
သစ်ပင်တောင်မှ
မိုးကောင်းရင်
ရှင်သန်နိုင်ခွင့်ရှိပါတယ်
အတူပြန်ဆုံမယ့်နေ့ကို
ရင်ခုန်စွာ
မျှော်လင့်နေပါရစေနော
 မပြေလည်မှုတွေနဲ့
မျက်နှာသစ်ခဲ့ရတဲ့ဘဝမှာ
အချစ်တစ်ခုတည်းပဲ
ကံအကောင်းဆုံးအဖြစ်ကို
မျှော်လင့်ချင်တယ်
 ချစ်သူမင်းပျော်ဖိုဆိုငါဘာမဆိုစွန့်လွှတ်ရဲပါတယ်မင်းသိဖို့ကမနက်ဖြန်ရှိနေသရွှေ့ငါမင်းကိုချစ်နေမှာပါ 

ပေးပို့သူ-ဗလ
========================
ချစ်မေတ္တာကြိုး
နှောင်ဖွဲ့တိုးလို့
ရင်မှာတိတ်တခိုး
ချစ်မြတ်နိုး
စိမ်းရက်တဲ့ . . . ရယ
အချစ်အက္ခရာကနည်းနည်း
အလွမ်းအဆွေးတွေကပြည့်နှက်
အဲ့ဒါ
မောင်နေ့စဉ်ဖြစ်နေတဲ့
ရင်ခုန်သံမှတ်တမ်းပါ
 အမ္ဘာကြီးကလည်နေတော့
ရာရာဟာလည်နေပေ့မဲ့
မောင်အချစ်တွေမလည်အောင်
မင်းချစ်ရဲ့နှလုံးသားငုတ်
တိုင်မှာ
ချည်ထားချင်တယ် 

ပေးပို့သူ-ဗလ
========================
သူနှင့်ပတ်သက်သမျှ အငွေ့သက်လေးမှအစ အမှတ်တမဲ့မှ အမှတ်တရ ထိုမှတစ်ဆင့် နင့်နင့်သဲသဲခံစားရသည့် အနာတရ ထိုအနာတရမှတို့သည်ပင်းးးးးးးးး်းးအတွက် တစ်သက်တာထာဝရ အမှတ်တရ

ပေးပို့သူ-ဗလ
========================

ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246 
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ