Thursday 17 September 2015

ကြိုးပြတ်သွားတဲ့စွန်ကလေး

နေ့တိုင်းမြင်ရ မင်းအလှကို
ရင်မှာမြတ်နိုး တိတ်တခိုးနဲ့
ချစ်ခဲ့မိ၏

မင်းရဲ့အပြုံး မင်းမျက်လုံးက
ငါ၏ရင်ဍ္ဍ် မေ့မရအောင်
စွဲလန်းမိ၏

နူးညံ့သိမ်မွေ့ မင်းလက်လေးကို
ထိတွေ့လိုက်တိုင်း ငါရင်ထဲရှိ
နှလုံးသားသည် တုန်ခါမည်လျက်
ရင်မောရ၏

ရူးလောက်မတတ် ချစ်ခဲ့သော်လည်း
နောက်ဆုံးရလဒ် ဇာတ်သိမ်းပိုင်းက
ရင်ကွဲပက်လက် အထီးကျန်စွာဖြင့်
ငိုခဲ့ရ

ရေးသူ-အိပ်မက်ကောင်းကင်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ