Sunday 6 September 2015

ချစ်သူဖတ်ဖို့

တစ်ကြောင်းတစ်ဂါထာ
တစ်ရွာတစ်ပုဒ်ဆန်းခဲ့တော့
စကားလုံးထက်ထက်တွေက
သံယောဇဉ် ကို
ဓားပါးပါးလိုဖြတ်
ည ...ဟာ.......
နက်သထက်နက်ခဲ့တယ် ။
အရိုးသားဆုံးမေတ္တာတရားဟာလည်း
အလှပဆုံးကြေကွဲရင်း
ကိုယ့်ချစ်ခြင်းတွေက
အလင်းပျောက်အောင်
ရိုင်းစိုင်းခဲ့ဖူးပြီ မိငယ် ။
ဟားတိုက်ရယ်မောခံရတဲ့
ဒဏ်ရာတွေကိုရင်ဘတ်မှာကပ်ရင်း
အသံတိတ်ကြေကွဲမှုတွေက
ငြိမ်းချမ်းရေပန်းတွေ ဖူးပွင့်ချင်တဲ့သူမို့
ဦးညွှတ်လို့
ဝန်ချလို့
ဘ၀ရဲ့ပြဌာန်းချက်
မာတိကာ တစ်ဝက်ကျော် ကျော်
ရော်ကြေးအဖြစ်
ဖော်ပြလို့ ထားရစ်ခဲ့မယ်
ငါ့ရဲ့. ......လွင့်မျောရာ ။ ။
ရွှေမြို့တော်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ