Friday 4 September 2015

အချစ်အကျဉ်းသား

ခကျင်းသံမကြားရပေမယ့်
တိုက်ပိတ်ခံလိုက်ရပြီ
အမြှီးထောင်နေတဲ့
ခုနှစ်စင်ကြယ်တောင်
ငါကလှောင်ခဲ့သေးတာ
ဖြတ်သန်းသွားတဲ့
အလင်းရောင်
ကြွေကြခဲ့တဲ့ကြယ်
သူကိုယ်တိုင်တောင်
မရပ်တည်နိုင်ခဲ့တာ
ငါကဘာကိုဆုတောင်းရမှာလည်း
ဝိဝါဒဆိုတာ ကွဲလွဲတတ်ပေမယ့်
ခံစားမှုအတိမ်အနက်အတွက်
အမှန်တရားဆိုတာကို
ဖက်တွယ်မနေတော့ဘူး
မင်းရင်ဘတ်ကပြဒါးပြယ်နေပြီပဲ
ကြိုးကွင်းစွတ်ခဲ့တာကငါ
ကိုယ့်နှလုံးသားရဲ့ဇာပနပွဲ
အထူးတန်းမှာပွဲကြည့်သူပေါ့
ဗရမ်းဗတာမဖြစ်အောင်
အကွတ်ထားလိုက်တယ်
အကိုရယ်ညီမလေတဲ့
ဘာဆက်ပြောလို့ရတော့မှာလဲ

ဇွဲထက်ယံ (ကိုကြီး)
ကိုယ်​တိုင်​​ရေး

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ