Monday 7 September 2015

မင်းမရှိတဲ့မြို့

အိမ်တံခါးတွေကလည်း ပိတ်နေလို့
လေတိုက်လို့ တစ်ဖျတ်ဖျတ်
ရိုက်ခတ်နေတဲ့ သစ်ရွက်
ခြေလှမ်းရဲ့စည်းချက် မလွဲစေရ ။
တွဲခဲ့တဲ့ ချစ်သူတွေ မြဲနေသေးလား
အတွေးများက အတိတ်မြို့ဟောင်း ……
သြော် ပြောင်းလဲခဲ့ပြီ …… ။
ချစ်သူတွေမဟုတ်တဲ့ မင်းနဲ့ငါ
ရင်နာစရာ ဘာပြောမလဲ
အရင်တုန်းက မင်းမေးတဲ့ပုစ္ဆာတစ်ပုဒ်
အဖြေထုတ်ဖို့ ငါလာခဲ့
ခုတော့ အဖြေမှန် ငါဧကန်တွေ့ရပြီ……
ဒီရင်မှာတွယ်ထိ မင်းမရှိသည့် မြို့ ။
ညို

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ