Tuesday 29 September 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၁၁

မျက်ရည်တွေခန်း
ပန်းတွေနွမ်းလို့
မိုသားတွေပြို
ကြယ်တွေငိုလည်း
မေ့မရတဲ့စိတ်
အိပ်စက်မပျော်
သူ့ကိုမျှော်ရင်း လွမ်းရသည်။

ပေးပို့သူ-ဗလ

===============================
" အနှိုင်းမဲ့"
အ​မေမှခြား
ဣတ္ထိများကို
အပြုံးချို​စေ
မ​တွေ​ဝေနဲ့
ဓားထက်​ပျားရည်
ပမှာမှီသို့
နောင်​တ အလီလီ
ရှိလိမ့်​မည်​ ၊
အ​မေသည်​သာ
ဤကမ္ဘာတွင်
မေတ္တာနှလုံး
ရှိဆုံးဖြစ်​၏
ချစ်​သည့်​ခါလည်း
အသဲစ​တေး
အသက်​​ပေး၍
နွေး​ထွေးရင်​မှာ
သိမ့်​သိမ့်​ခါတည်း။

ပေးပို့သူ-ဗလ
===============================
" လွမ်းတယ်​သာ ​ပြောပါရ​စေ"
ရုတ်​တရက်​​ ​ဝေးကွာလည်း
နူတ်​မဆက်​ ​သေးပါဘူး
အ​ဝေး​မြေ နယ်​တရွာမှာ
အ​တွေး​တွေ ဆယ်​ကမ္ဘာနှင့်
ဆွေး​နေတာ ဘယ်​သူသိနိုင်​မလည်း။
ရင်​ထဲက ​နွေကမ္ဘာ
နေတစ်​ရာ ရင်​မချိ
ဝေဒနာ ရင်​အပြည့်​မို့
နင်​သိေ​စဖို့ လွမ်းလိုက်​မယ်
လွမ်းလိုက်​တာကွယ်​ ။
နွမ်းနယ်​ကာ လွမ်းမ​ပြေလို့
နန်းမခြယ်​သာ ပန်းစပယ်​ကို
လမ်းလယ်​မှာ ​သောက​တွေနဲ့
လွမ်းတယ်​သာ ​ပြောပါရ​စေ​တော့
ချစ်​သူရယ်​ ။

ပေးပို့သူ-ဗလ
===============================
အလွှာတစ်ခုရဲ့‌အောက်
 တစ်ထောင့်တစ်နေရာမှာပုံေ်ဖာ်‌ထုဆစြ်ပီး
               ဖန်တီးရယူလို့မရတဲ့
        မင်းရဲ့အဆိပ်သင့့််အချစ်ကြောင့်
       ငါ့ရဲ့ဘယ်ဘက်ရင်အုံတစ်ြ်ခမ်းက
              ခံစား‌နေရတဲ့ ‌ဝေဒနာကို
       မင်းရင်ထဲမှာထားရှိပြီး ‌အေးမြတဲ့
           အဖြူ‌‌ရောင်မေတ္တာနဲ့ထပ်တူ
    မင်းရဲ့ပန်းနုရောင်နှုတ်ခမ်းပါးထက်က
                 ချစ်တယ်ဆိုတဲ့
  စကား‌လေးတစ်ခွန်နဲ့ ကုစား‌ပေးပါလား

ပေးပို့သူ-ဗလ

===============================
အများလူသူ အချစ်တွန်‌ကြူး
             ‌ပျော်ျမွ့ရမ္မက်
ကြီးစိုးချိန်ဝယ် ထိမ်းချူပ်ခက်လှ
နာကျင်မူ့‌ကြောင့် ဘယ်သူမှမသိအောင်
ပုန်းအောင်းကြိတ်ငို အခန်းငယ်လေး၌
              တိုးတိတ်စွာဖြင့်
   ‌ပြော‌နေမိတယ် ‌ကောင်မ‌လေး
                      မင်းငါ့ကို
                 ရက်စက်တယ်
ပေးပို့သူ-ဗလ
===============================

ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ