Saturday 9 April 2016

ပြန်လာခဲ့ပါညီမငယ်


ပြန်လာခဲ့ပါညီမငယ် 


ငယ်သူမို့ ကြိုက်သလောက်ဆိုး

ကိုယ့်ဘက်က မညိုညင်ခဲ့ပါဘူး ညီမလေးရယ် ...

မင်းသဘောကျလိုက်လျောလို့

မင်းအလိုအတိုင်းအမြဲဖြည့်ဆည်းပေးခဲ့သူပါ ..

ညီမလေးတစ်ယောက်လိုမို့ ..

ကိုယ့်ညီမငယ်နှုတ်ခမ်းထက်မှာ

အပြုံးတွေကိုသာ ပိုင်ဆိုင်စေခဲ့သူပါ ..

ယုယစွာမြတ်နိုးလို့ ..

အဖြူစင်ဆုံးချစ်ပေးခဲ့တာပါ ..

ထာဝရအတွက်ရည်စူးလို့ ..

ကိုယ့်ညီမလေးမျက်နှာမငယ်ရစေဖို့ ...

အသက်ထက်ဆုံးကြိုးစားနေခဲ့သူပါ ..

ဒါနဲ့များတောင် ...

ချစ်ရတဲ့ညီမလေးရယ် ..

ဆိုးသမျှအလိုလိုက် မင်းအကြိုက်တွေချည်း

ဆောင်ကျဉ်းပေးခဲ့လို့များပစ်ခွာရက်လေသလား ..

ထားခဲ့ရက်တာတော့သေချာတယ် ..

ဒါပေမယ့် ...

ညီမငယ်အလိုကျ အများသူတကာမလိုက်လျောနိုင်တဲ့တစ်နေ့

သိပ်ချစ်ခဲ့ဖူးတဲ့ကိုယ့်ကိုသတိတရနဲ့

ပြန်လာခဲ့ဖို့ တောင်းဆိုပါတယ် ...

သိပ်ချစ်ရတဲ့ညီမလေးရယ် ...


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ