Saturday 9 April 2016

တစ်ချိန်ကချစ်သူ

ချစ်ခဲ့မိတာက .... 

ဒီရင်ဘတ်ကြီးတစ်ခုလုံး အရင်းပြုခဲ့လို့လည်း

ခံစားရတဲ့အခါ ....

ဒီနှလုံးသားတစ်ခုလုံးလည်း အစိတ်စိတ်ကြေလို့

ချစ်ခဲ့ဖူးတယ် ... ဆက်ချစ်ဦးမယ် ...

မေ့ပျောက်လို့မရခဲ့တော့လည်း 

ဒီနှလုံးသားမှာ ပုံရိပ်တွေထင်လို့

ဒဏ်ရာတွေလည်း အထပ်ထပ်နဲ့

သွေးတစ်စက်စက်ကျ ချစ်တယ်အော်နေရတာ

ခုထက်ထိမရပ်နိုင်သေးဘူး ...

ကြာတော့လည်း ကြာခဲ့ပြီဆိုပေမယ့်

ချစ်တာကို အပြစ်လို့မဆိုနိုင်

ရပ်တန့်လို့မရတဲ့ရင်ခုန်သံမြန်နေတာကို

ဘယ်နှလုံးသားနဲ့များထိန်းချုပ်နိုင်ပါ့မလဲ ...

ချစ်ခဲ့ဖူးတဲ့ တစ်ချိန်ကချစ်သူရေ ..

ကိုယ်ခုထိမမေ့သေးဘူးဆိုတာ .. ယုံ ..


မုန်း (BeeTalk)

...





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ