Saturday 16 April 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၇၉

ချန်ခဲ့သူ

အဝေးဆုံးကို
နင်ချန်ပြေး
ဖြေးဖြေးလေးမေ့တဲ့
ချစ်သူသက်တမ်းက
နှုတ်ခမ်းက
အပြုံးတွေကိုယူသွား
အတူထားခဲ့တဲ့
သစ္စာတရားက
မျက်ရည်များသာ
ဖြစ်စေခဲ့ပြီလားဟာ
အိပ်စက်ခြင်းတွေ
ထွက်ပြေးသွား
မျက်တောင်ဖျားက
စီးဆင်းမြစ်က
နင်ချန်ရစ်တဲ့
အလွမ်းဖြစ်
ခြေရာတွေလား
ကျန်ခဲ့သူဆိုတာ
အပူမကင်းတဲ့
ဝေဒနာတပွေ့နဲ့
နေ့ရှိသ၍
လွမ်းလို့မမေ့
စိတ်မကောင်းစရာများလဲ
အတိတ်ဟောင်းမှာ
မထားနိုင်
အဖျားကကိုင်ထားတဲ့
မမှီတမှီသံယောစဉ်
ကြိုးတစ်စနဲ့
မျှော်လင့်ချက်ကို
နိုးထဖို့အားယူနေရ
ကြားလူဖြေမရတဲ့
ခွဲခွာခြင်းပုစ္ဆာကို
ဘာကြောင့်လဲလို့
အဖြေရှာနေတဲ့
ကျန်ရစ်သူရဲ့
ဝေဒနာတခုပါဟာ့။


         သူရဇ္ဇ
=================================
အဖော်မဲ့အလွမ်း


တိတ်ဆိတ်စွာငေးငိုင်
အတွေးမခိုင်တဲ့
ညကိုကျော်
လကိုမျှော်
မော့ကြည့်လို့
နှုတ်ခွန်းဆက်
အဖော်ကင်းသူအချင်း
သက်ပြင်းကိုယ်စီချလို့
လမင်းပြောပြတဲ့
အထီးကျန်ခြင်းကို
ငါနားထောင်တက်ခဲ့ပြီ
တိတ်ဆိတ်စွာထွက်ပြေး
အိမ်မက်ဝေးတဲ့
လဲလျောင်းခြင်းတွေနဲ့
မျက်ရည်ကိုအိပ်မွေ့ချ
အတိတ်နေ့ညက
အနမ်းတွေကြောင်း
နှုတ်ခမ်းကပြောပြလို့
ငါသိခဲ့ရပြီ
ကိုင်းဖျားထက်အော်ပြေး
ငှက်ကလေးရေ
ဘယ်မလဲ့
မဝေခွဲတက်လို့
ကြွေအသဲပျက်ခဲ့တဲ့
နွေတနှစ်ရဲ့
အလွမ်းတွေကြောင်း
ဥသြငှက်သင်ပေးလို့
ငါလွမ်းတက်ခဲ့ပြီ
ငါ့မျက်ရည်မင်းခြွေ
သစ်ရွက်တွေလိုပဲ
ငါ့အသဲလည်း
ကြွေခဲ့ရပြီပေါ့
ချစ်သူရယ့်။


        သူရဇ္ဇ
=================================
နွေလူကြမ်း

အိမ်မက်မဖြစ်တဲ့
ပူလောင်ခြင်းတချို့
နိုးထဖို့အားယူမရတဲ့
ချိနဲ့နဲ့မနက်တွေတိုင်း
ငါသတိရနေတက်တာ
ဘာကြောင့်လဲချစ်သူ
သတ်ပုံမှားတဲ့
အိပ်ပျက်ညတွေမှာ
နှိပ်စက်တက်တဲ့
ထိုအလွမ်းတွေက
နဂိုအနမ်းတွေကို
နွမ်းခြောက်စေခဲ့ရင်
နင့်သဘောနဲ့
မပြောပဲ
ချန်ခဲ့တဲ့ငါ့ရင်ခွင်ဟာ
အရိပ်မဲ့ကန္တာ
တရံတခါမိုးကျတာက
လွဲရင်အသည်းပြင်မှာ
ဒဏ်ရာတွေသာစွဲထင်
မမြဲခင်နင်ဖြတ်တဲ့
သံယောစဉ်တစနဲ့
လက်ကျန်ဘဝကို
ငါဘယ်လို
ဖြတ်သန်းရမလဲချစ်သူ
မျှော်လင့်ချက်တွေ
နေဝင်ခဲ့ပြီးတဲ့နောက်
တောက်လျှောက်လိုက်လာတဲ့
ကြေကွဲမှု့တွေက
အထပ်ထပ်ဖိစီးလို့
ဒီခရီးနီးပေမယ့်
ရင်အလွမ်းနဲ့
ခြေလှမ်းတွေမလှမ်းနိုင်တော့လှမ်းကိုင်မိသော
လက်တစုံမှာ
ငါ့ယုံကြည်ချက်
အသက်မဲ့ခဲ့
တဖက်ထဲကိုင်ထားတဲ့
မျက်ရည်ပန်းကို
ရေကူဖျန်းလို့
နွေလူကြမ်းအဖြစ်
လွမ်းတေးသာ
ဟစ်နေတော့မယ့်။


         သူရဇ္ဇ
=================================
နှလုံးသားဘူတာ

ပြန်ဆုံဖို့
ခွင့်မရှိရင်လည်း
ရှိပါစေတော့ချစ်သူ
လက်တဆုပ်စာ
သဲတချို့နဲ့
အချစ်ကမ္ဘာ
တည်မရမှန်း
အစကကြိုမသိခဲ့လို့
လေဝှေ့တချက်
ရေတစက်နဲ့ငါ့ရဲ့
အချစ်သဲအိမ်နန်းလေး
ပြိုပျက်ခဲ့ရတာ
မဆန်းပါဘူးလေ
တဖက်တချက်ဆီ
ဆွဲချည်လို့မမြဲခဲ့တဲ့
သံယောစဉ်
ကြိုးတစ်စနဲ့
အဆိုးဘဝတွေ

သူရဇ္ဇ
=================================

အသည်းကြွေတဲ့မြေ


ငါစောင့်နေခဲ့တာ
အချိန်တခုဆိုရင်
နင်ပစ်ထားခဲ့တာ
ကမ္ဘာတပတ်စာပေါ့ချစ်သူ
ပြန်ဆုံရဖို့
မျှော်လင့်မိတာ
အခိုက်တန့်တခုဆိုရင်
ငါ့ကိုအဆက်သွယ်ဖြတ်လို့
နင်မေ့တက်ခဲ့တာ
တသက်စာပေါ့ချစ်သူ
ငါယုံကြည်ခဲ့တဲ့
နင့်စကားတခွန်းက
တနေ့နေ့မှာ
အခုလိုအဖြစ်မျိုး
တွေ့လိမ့်နိုး
မမျှော်ကိုးမိ
နင်မသိခဲ့တဲ့
ငါ့ဝေဒနာ
နင်မမြင်ခဲ့တဲ့
ငါ့အကြင်နာ
နင်မေ့တက်လို့
တနေ့တရက်ထက်
ခံစားခက်စေခဲ့တဲ့
btမြေဟာ
ငါ့အသည်းကြွေတဲ့
နေရာဖြစ်မယ်မှန်း
ငါမသိခဲ့ရိုး
အမှန်ပါဟာ့။


         သူရဇ္ဇ
=================================
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ