Wednesday 13 April 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၇၈

ဗမာ့သားကောင်းး

ဗုံးသံတွေကြား
ပြေးကျော်လွှားလို့
ရြပ္ခ်ႊန္ဆံဖ်ား
အို့စစ်သားတို့
ကျည်ဆံမကြောက်
မြေမှာမှောက်လျက်
ရှေ့ဆက်ခရီး
မညည်းပဲဖြတ်ကျော်
ရဲဘော်တွေနဲ့
ငတ်တလှည့်
ပြတ်တခါဝမ်းဟာနေလဲ
အမိမြေအတွက်
တိုက်ပွဲဆက်၏
ချစ်ခင်သူလွမ်းလည်း
တောင်တန်းတွေပေါ်
ဖြတ်ကျော်ကာနင်း
မြေကျင်းမှာဝပ်
ခြေကျင်းဝတ်
ပြတ်သည်အထိ
ဗုံးဆံမိလည်း
အားခဲလို့ပြန်ထ
တိုင်းပြည်ကရွေး
သမိုင်းပေးတဲ့တာဝန်
အသက်ချွေးနဲ့
ကျေပွန်စေခဲ့
ငှက်ဖျားမကြောက်
အိုင်ရေလည်းသောက်ရ
ဝမ်းစာကရှား
မြက်ခြောက်လည်းစားရ
နေပူလည်းတရွေ့ရွေ့
မိုးရေထဲလဲအိပ်ရ
သေနတ်သံကြားလို့ထ
ပင်ပန်းလှတဲ့
စစ်သားဘဝ
ချစ်မယားအလှနဲ့
သားသမီးကိုမေ့
အေးမြတဲ့
သားသမီးရဲ့တီတီတာတာအသံတွေအစား
ဗုံးသံကျည်ဆန်သံတွေသာကြားရ
မယားအလှရဲ့
လက်ဖျားလေးအစား
သေနတ်များသာ
ကိုင်ထားနေရ
ဘဝအခြေမလှလည်း
ရှေ့တန်းမြေ
တိုက်ပွဲတနေရာဆီက
ညာသံပေးလို့
ကြွေးကြော်တက်
စစ်သားတစ်တပ်နဲ့
အပစ်ခတ်မစဲ
ရဲရဲဝံ့ဝံ့
အသက်ကိုစွန့်၏
ဂုဏ်ပြုထိုက်သော
တပ်မတော်သာ့း။

        သူရဇ္ဇ

တပ်မတော်နေ့အား
ဂုဏ်ပြုပါသည်
=================================
ဥပေက္ခာမျက်ဝန်း

ငါမသိတဲ့
ဝေဒနာတခုကိုပေး
နင်ရေးတဲ့
ဇာတ်ညွန်းတထောက်မှာငါဟာ
တဖက်စွန်းရောက်တဲ့
အချစ်ငတ်သမားပေါ့
အမြစ်ဖြတ်မထားတဲ့
နင့်ဝေဒနာ
နှိပ်စက်မှု့တွေနဲ့
အိပ်ပျက်ခဲ့ရတယ်
စိတ်စေစားတဲ့
သဏ္ဍန်အတုနဲ့
နင့်မာယာ
မှန်တခုရဲ့နောက်မှာ
ကြောက်စရာ
အဆိပ်တွေကို
ငါမမြင်ခဲ့ရိုးအမှန်ပါ
တရံတခါ
ဟန်လုပ်ပြုံးတက်တဲ့
နင့်နှုတ်ခမ်းဖျားက
အနမ်းများစွာနဲ့
အပစ်တွေကိုချေဖျက်
နေထွက်နေဝင်ခြင်းလို
မပြတ်သားခဲ့တဲ့
နင်စေရာ
လှည့်စားခြင်းတွေမှာ
ပျော်ဝင်ရင်း
ကြွေခဲ့တဲ့
ငါ့မျက်ရည်တွေကို
နင်မသိခဲ့တာလား
တမင်မကြည့်ခဲ့တာလားချစ်သူရယ့်။


        သူရဇ္ဇ
=================================
အသဲကြွေသီအိုရီ

တွေ့သည် မြင်ရဲ့
လှမ်းခေါ်သည်
မကြားရ
ဆုံနိုင်သည်မနီးစပ်
လက်ဝှေ့ယမ်းပြ
သူကမမြင်
ခြေလှမ်းကိုစေ
ကိုယ်မနေရဲ
နာရီသံရွေ့
မြေငွေ့တွေထ
သက္ကရာဇ်ခြွေ
ရော်ရွက်ကြွေ၏
လွမ်းသံကိုနှော
ဥသြလို့တွန်ချင်
ချစ်သူကိုမဖွေ
လေပွေလို့မြူးချင်
ဆွေ့ခုန်အောင်ပူ
နွေထူထူမှာ
လေယူရာတိမ်း
သစ်ရွက်စိမ်းမဝေဖြစ်
ထိုနှစ်မှာပဲ
ငါ့အသည်း
ကြွေသွားခဲ့တယ့်။

         သူရဇ္ဇ
=================================
လွမ်းညကဗျာ

တိတ်စိတ်တဲ့ညဟာ
ကဗျာတစ်ပုဒ်တွက်
အသက်
ကြယ်ရောင် လရောင်ရယ် ဆွဲ့
ဆန့်ထားတဲ့အတွေး
တွေရဲ့ကာရံ ရင်မှာ
ဝှတ်တဲ့ကဗျာတစ်
ပုဒ်ချစ်သူနားဆင်
စေသား ဝမ်းစာမ
ဟုတ်တဲ့ငါ့ကဗျာ
ခံစားချက်ပေါင်းများ
စွာနဲအချစ်ပါတဲ့အ
လွမ်းကဗျာတွေရေး
တယ်သူမုန်းတဲ့
အလွမ်းကဗျာတွေ
ရေးတယ် တိတ်စိတ်တဲ့ ဒီည
မှာလည်းလွမ်းည
ကဗျာတွေနဲ့ ခံစား
ချက်ကိုဦးစားပေးလို့ရောက်တကိရာကိုတွေးမှေးခက်တဲ့
အိပ်ယာထက်မှာ
ကဗျာတစ်ပုဒိတွကိ
ငါ ငုတ်တုတ်ထိုင်
နေဆဲ။

မိသား
=================================
လွမ်းသူစာအုပ်

ဒီအချိန်ဆို ငါဘာ
ကိုလွမ်းနေတာလည်း သူလည်းခံစား
ပေးတယ် ငါ့ရဲ့ တစ်ထောင့်တစ်ညပုံပြင်တွေကိုလည်း
ခံစားပေတယ်
ပျော်စရာ တစ်ချိ့
တစ်ဝက်နဲ အလွမ်း
ခက်တဲ့ဝေဒနာတွေ
ကိုလည်းခံစားပေးတယ်အမုန်းခက်
တဲ့ဝေဒနာတွေကို
လည်းခံစားပေးတယ်ဘာတွေဘဲဖြစ်
ဖြစ်ပေါ့ မျှဝေခံစား
ပေးတဲ့ ခေါင်းအုံး
အောက်ကစာအုပ်
လေးရယ်
ကျေးဇူး ကျေးဇူးပါ
   မိသား
=================================
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ