Thursday 21 April 2016

ချစ်သက်သေက ကြွေမျက်ရည်

ချစ်တယ်လို့ တဖွဖွနဲ့
မင်းကို မပြောတော့ဘူး
လွမ်းတယ် ယုံကြည်ပါလို့လဲ
မပြောတော့ဘူး ချစ်သူ
မချစ်လို့ မလွမ်းလို့တော့
မဟုတ်ပါဘူး ချစ်ရသူရယ်
မမြင်ကွယ်ရာ အဝေးမှာပဲ
ပေးထားတဲ့ ကတိတွေကို
တည်မြဲအောင်ကြိုးစားရင်းနဲ့
ချစ်သက်သေက ကြွေမျက်ရည်ပေါ့,...
                               တစ်ကောင်ဘွား(ဓာတ်တော်)
          ပန်း
ပိတောက်လဲ ပန်း
ငုဝါလဲပန်း
ပန်းခြင်းတူလဲ
ပိတောက်ကိုမှ
နှစ်သက်လေတော့
ပန်းငုဝါလေး
အားငယ်ရပေါ့
ထား ရက်စက်တဲ့
ပန်းသခင်ရယ်....
               လွမ်းလုလင်( အညာမြေ )
         နှုတ်ဆက်ပါ သူငယ်ချင်း
တနယ်တကျေး
အနေဝေးလဲ
ဆွေးမပြေတဲ့
လွမ်းရင်ထဲက
သံယောဇဉ်ရယ်
ရှင်သန်ဆဲမို့
ကြမ္မာရဟတ်
တစ်ပတ်လည်လို့
ပြန်ဆုံခဲ့ရင်
ခေါ်ပါပြောပါ
နှုတ်ဆက်ပါနော်
သူငယ်ချင်းရယ်....
                လွမ်းလုလင်(အညာမြေ)
၀၉၄၄၂၀၉၅၄၆၅သို့ ဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျာ လွမ်းလုလင်(အညာမြေ)ရေးတဲ့ကဗျာလေးတွေ ကောင်းရဲ့လား အားပေးဝေဖန်ပေးပါဦးနော်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ