Sunday 24 April 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၈၁

* နင်ပျော်ပါစေသား *

အနာဂတ်ဥယျာဉ်ထဲမှာ
အတွေးများစွာနဲ့
စိတ်ကူးယဉ်ဖူးတယ်
သူ့အတွက် အချစ်အတွက်

ပကာသနမပါတဲ့
ရင်ခုန်သံတွေကြားမှာ
တိုးဝှေ့ပျော်ရွှင်ခဲ့ဖူးတယ်
သူ့အတွက် အချစ်အတွက်

အရာရာပေးဆပ်ရဲတယ်
တွဲခဲ့ဖူးတဲ့
တွဲလက်တွေမှာ
ယုံကြည်မှုတွေအပြည့်နဲ့
အခုတော့
ခိုင်မြဲမယ်ထင်သွယ်တန်းချင်တဲ့
ဒီနှောင်ကြိုး ရင်ခုန်သံ
ပျောက်ဆုံးသွားခဲ့ပြီလေ
သူ့အတွက် အချစ်အတွက်
                    Phyur.../\/*L့
*********************************
* ငါမငိုခြင်တော့ဘူး *

ပျော်ရွှင်မယ်ထင်ရတဲ့
သူ့ရီသံလေးတွေမှာ
တွယ်ကပ်လို့
စိတ်ဆိုးလဲ ခန
အပြစ်မဟုတ်ပါ မေတ္တာနဲ့
ချစ်တယ် ဖြူ စင်စွာ
သူပျော်ရွှင်လျှင်ကျေနပ်
ကို့ရင်မှာခုန်လှစ်နေတဲ့
နှလုံးသားလေးလဲ
သူ့အတွက်နဲ့ပဲ သံစဉ်တွေ
သီးကျူးတတ်နေပြီ
ချစ်တယ်ပြောတိုင်း
အရူးတပိုင်းဖြစ်နေတတ်တဲ့
ကိုယ့်စိတ်တွေလဲ
သူပြောသမျှ
ပုံဖမ်းကားချပ်ကြီးလို
မှတ်တတ်နေပါပြီ
တခါ လိမ်တိုင်း
ခိုစီးတတ်တဲ့ မျက်ရည်တွေနဲ့လဲ
ငါငိုတတ်နေပါပြီ
ဒီနေ့လား မနက်ဖြန်လား
မသဲကွဲတော့တဲ့
ငါ့ကမ္ဘာမှာ တော့
နင်သာ နတ်သမီးတပါး
မချစ်လို့ပစ်သွားတာလဲ
ငါနားလည်ပါတယ်
အပြင်းပြေအသုံးချ
အဆုံးကျ ရင် ကျန်ခဲ့ရမှာလဲ
ငါသိနေခဲ့တာပါပဲ
ဒါပေမဲ့ ချစ်သူရယ်
အမှတ်မထင်ကြွေကျ
နင့်ကိုလွမ်းတိုင်းမြေခနေတဲ့
မျက်ရည်တွေနဲ့
ငါ ဆက်မငိုခြင်တော့ဘူးကွယ်
                       Phyur.../\/*L့
*********************************
* နင်ရယ်ငါရယ် သံသယရယ် *

ဘယ်နေရာမှာ ဘာတွေပဲလုပ်လုပ်
သံသယတွေနဲ့
မရှုတ်ခြင်တော့ဘူး အချစ်ရေ
နင်ပျော်ရွှင်ဖို့ ဆိုတာထက်
ငါဖြေသာဖို့ အတွက်ပါဟာ

မိုးလင်းမိုးချုပ် နင့်အကြောင်းပဲ
တွေးတတ်နေတဲ့ ငါ့အလုပ်
ယုံကြည်မှုမရှိလို့တော့ မဟုတ်ဘူး
ငါ့ရင်ခုန်သံကို ငါကြောက်လို့
နင့်အတွက်
ငါအမှိုက်တထုတ်လိုဖြစ်နေပီလား

သံသယရဲ့လက်ကိုင်တုတ်ပေါ့
နင်ကငါ့ကိုပြောရင်
တော်တော်ရှုတ်တာပဲ
ခနလေးပဲနင်သည်းခံပေးအချစ်ရေ
ငါမကြာခင်ပြန်ထွက်ပေးပါ့မယ်
ဒီသံသယတွေချန်ထားလို့ နင့်ဘဝထဲကပေါ့.....အချစ်ရယ်
                       Phyur.../\/*L့
*********************************

သူသိစေ

နှလုံးသားတခု
ရှင်သန်ဖို့ဆေးကူ
ဘေးလူမသိတဲ့
အတွင်းစိတ်က
မင်းနှိပ်စက်လို့
ရတဲ့ဒဏ်ရာတွေနဲ့
အပြန်တရာ
သေနေပြီးသားပါ
မာနတခု
ထစ်ဆစ်ဖို့ဆန္ဒမပါ
ကံတရားအလာ
စေညွန်ရာက
လေတံခွန်ပမာ
ငါ့ဘဝ
ကြိုးစကနင်
လိုချင်သလိုကြိုးဆဲ
အသဲလည်းပဲ့ကြွေ
မဲ့နေလည်းမငို
ငါကိုက
နင့်လက်ဖျားမှာ
ပျော်နေသူပါ
ရုန်းထွက်ဖို့မတွေး
နင့်နံဘေးမှာ
အရိပ်ကလေးဖြစ်
ရှိနေချင်သေး
နင်မထားလို့
နှင်ထုတ်ခဲ့လည်း
ဟုတ်ကဲ့ကလွဲ
အသဲမှာအပစ်မဖွဲ့
နင်အသစ်နဲ့ပျော်လဲ
အဖော်ကွဲလျက်
ငါနေတက်အောင်
နေပေးပါ့မယ်
နင့်အတွေးမှာ
ငါဟာရှုပ်နေလည်း
ခါထုတ်လိုက်ပါ
ငါနောက်ဆုတ်
နေပေးပါ့မယ်
နောက်ဆုံ့း
ငါ့လက်ကိုခွဲ
ဆက်တွဲဖို့
မဝံ့မရဲဖြစ်တဲ့အခါ
ဖြုတ်ချန်ခဲ့ပါ
မင်းဘဝနဲ့အဝေး
ငါထွက်ပြေးလို့
ဖြေးဖြေးလေးငါ
မေ့ပေးပါ့မယ်ဟာ့။

        သူရဇ္ဇ
*********************************
ချစ်သူအငြိုးကျိန်စာမိုး

ကောင်းကင်ကိုမော့ကြည့်
ငါရှိနေတဲ့
နေရာတခုရဲ့အထက်
အလွမ်းမိုးစက်တွေ
ကွက်ကျားရွာလို့
တဖက်သားမှာ
ခံရခက်အောင်
နှိပ်စက်လေသလားမိုးရယ်
အကျိုးရယ်မရှိ
အငြိုးလွယ်သည့်
ချစ်သူကျိန်စာနဲ့
တိမ်ပြာတွေ
ညိုမည်းနေပြီလား
စွေရွာမစဲ
မိုးရေထဲအဆိပ်ထည့်လို့
အတိတ်နဲ့ပစ္စူပ္ပန်မှာ
ငါဟာချစ်သူအငြိုးနဲ့
မိုးမိနေသူပေါ့
တိတ်ပါလေရွှေမိုး
ပြေပါလေသူ့အငြိုး
ဖြေရိုးမမှန်
အလွမ်းဒဏ်သင့်လျက်
ဖျက်ပါလေသူ့အမျက်
ယခုထက်ပိုတိုး
အကျွန်လူမျိုး
အသေဆိုးနဲ့
လွှဲဖယ်စေဖို့
တိတ်ပါတော့လား
ကျိန်စာမိုးရယ့်။

        သူရဇ္ဇ
=================================
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ