Monday 4 April 2016

နှုတ်ဆက်ပါ ရွှေတမာ

မလွှဲသာလို့ ခွဲခွါရပေမဲ့
အမြဲထာဝရ မေ့မရခဲ့ဘူး
ရုတ်တရက်မို့ နှုတ်မဆက်တာ
စိမ်းကားလို့ မဟုတ်ရဘူး
တမာမြေ မှာ မဖြေသာ
ဝေဒနာအလွမ်းတွေနဲ့
အလွမ်းပြေ ကဗျာတစ်ပုဒ်
ထုတ်ရေးခဲ့ပြီ အလွမ်းဝေတဲ့
တမာမြေကို နောက်တခါ
ကံမကုန်လို့ ပြန်မဆုံခဲ့ရင်
ခေါ်ပါ ပြောပါ နှုတ်ဆက်ပါနော်
               တစ်ကောင်ဘွား(ဓာတ်တော်)
           ပန်းနှင့်ကြို
တစ်နယ်စီဝေး နေခဲ့ငြားလဲ
မငိုနဲ့လေ ညီမလေးရယ်
ဘဝဆိုတာ တိုက်ပွဲပေမို့
ချစ်ကြိုက်သံစဉ် ပျော်ရွှင်ခြင်လဲ
ကံဇာတ်ဆရာ အလိုကျမို့
လက်ပြနှုတ်ဆက် ရက်စက်လို့တော့
မဟုတ်ဘူး ညီမလေးရယ်
ရည်မှန်းချက်တွေ ပြည့်တဲ့နေ့
ပြန်ဆုံတွေ့ဖို့ မျှော်လင့်တမ်းတ
လွမ်းသမျှတွေ မှန်းဆလို့
ပန်းပိတောက်တွေနဲ့ အတူ
ကြိုနှင့်ပါ ညီမလေးရယ်,
                  တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ