သင်္ကြန်အိပ်မက်
သြော်....ဘာလိုလိုနဲ့
သင်္ကြန်တောင်ရောက်လာခဲ့ပြီ
ပန်းပိတောက်တို့ကလည်း
သင်္ကြန်မိုးရေစက်တို့ကြောင့်
ပင်ယံထက်မှာနိုင်းတုမဲ့
လှပဝေဆာဖူးပွင့်နေကြပြီ
သင်္ကြန်မတိုင်ခင်တုန်းက
ချစ်ရသူနဲ့အတူ
မြို့ထဲအနှံ့ စက်ဘီးကလေးနဲ့ရေပက်ခံထွက်မယ်
ချစ်သူကိုငွေဖလားလေးနဲ့
ကြင်နာယုယစွာရေလောင်းမယ်
ချစ်သူရဲ့ပိတုန်းရောင်ဆံကေသာထက်ဝယ်
ရွှေဝါရောင်ပန်းပိတောက်ပန်ဆင်ပေးမယ်
စိတ်ကူးထားသမျှအိပ်မက်ဖြစ်ခဲ့ရပြီ
ချစ်သူကသူ့ချစ်သူနဲ့အတူ
သင်္ကြန်နေ့ရက်တွေကို ပျော်ရွှင်စွာဖြတ်သန်းနေချိန်
ကိုယ်ကတော့မပျော်နိုင်ရှာ
လွမ်းသီချင်းလေးဖွင့်ပြီး
မျက်ရည်များစွာနဲ့
ဘယ်တော့မှဖြစ်မလာမယ့် သင်္ကြန်အိပ်မက်ကို
ဆက်လို့မက်နေမိပါတယ် ......
ညလူ(ဟသာၤတ)
မိုးစက်အောင် BeeTalk အကောင့်မှပြန်လည်မျှဝေပါတယ် ...
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ