Friday 8 April 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၇၇

  နိဒန်း

ချစ်သူရဲ့ခြေစုံက
မြူတစ်မူံလိုကျန်ရစ်
လွမ်းဝေဖြစ်တယ်လို ဉဒါန်းပျိုးလိုက်
ချိန်မှာ ချစ်သူက ငါ့ကို အကြည့်တစ်
ချက်အပြုံးတစ်ဝက်
ပေးသနားခဲ့တယ်
နောက်ဆုံးတော့လည်းလောကကြီးက
ဖြစ်ခြင်တာတွေဖြစ်
လာပြီး ပြတ်ခြင်
တာတွေပြတ်သွား
ပြန်ပြီ ညစာတွက်
ထမင်းတစ်ပွဲလိုပေါ့
ခြေသံတွေကြားရ
တယ်နောက်လှည့်
ကြည့်တော့သစ်ရွက်ခြောက်တွေလေမှာလူးလွင့်နေတယ်
ဒါပါပဲ ရယ်အောင်
လည်းလုပ်တက်သလို ငိုအောင်လည်း
လုပ်တက်တဲ့ဒွေးမယိနော်ပုံပြင်တစိပုဒ်လိုလွမ်းစရာများနဲပေါ့ ပိုင်ခွင့်မရှိတော့
တဲ့အိမ်မက်လိုပဲ
လွင်ပြင်ကျယ်မှာရပ်
နေတဲ့ငါ့ခြေစုံတွေ
ဘယ်ကို ဆတ်လျှောက်ရမလည်း .
       
ရေးသူ- မိသား
=================================
ညကတစ်ထွာ
အလွမ်းကပေတစ်ရာမညီမျှတဲ့ငါ့အဖြစ်
အိမ်မက်ခွင့်တောင်မရှိတော့ပါလား
ဒီလိုနဲ
မျက်ဝန်းကန်းရိုးတန်းတွေလည်း ချိုင့်
ဝင်လာပြီ
         ရေးသူ- မိသား
=================================
မျှော်နိုင်သမျှ(2)

အလွမ်းတွေ
နေရာယူပြီးပြီလားး
အဆွေးနဲ့အိပ်ပျော်ဖို့
မျက်ရည်တွေကိုသာ
ဖိတ်ခေါ်ဖို့ကျန်
ဆုံရန်မသင့်တဲ့
ဘုံယံအဆင့်ဆင့်က
မျှော်လင့်ခြင်းကိုတော့
အလွမ်းရဲ့
လောင်းရိပ်အောက်မှာ
ခေတ္တမြှုပ်နှံလို့
အဆွေးရဲ့ဒဏ်ကို
ခါးစည်းခံစေခဲ့တယ်
နွေရိပ်မခိုတဲ့
ငိုရှိုက်ခြင်းတွေလည်း
ဆောင်းရဲ့နိဂုံးမှာ
တနေ့တရက်ထက်
အမေ့ခက်ခဲ့တယ်
နေ့တဝက်ကျိုးတဲ့
နာရီသံတွေရဲ့
မောင်းနှင်မှု့မှာ
ရွက်ဟောင်းတွေ
အလိုက်သင့်ကြွေ
အမှိုက်ဖြစ်နေလည်း
မြေဆွေးအဖြစ်နဲ့
အရွက်သစ်ဝေစေလို့
ရိုးတံထက်မှာ
အဖိုးတန်အရွက်တွေ
ဝေနေပေမယ့်
နင်ခြွေတဲ့
ငါ့အသည်းက
သစ်ရွက်မဟုတ်တော့
ရေဖျန်းပေးလည်း
မလန်းဆန်းနိုင်တော့
ရင်ကော့လို့
အလွမ်းကိုအန်တု
ကံတခုနဲ့
ပြန်နုသစ်ဖို့ကိုသာ
မျှော်နိုင်သမျှထက်
မျှော်ခဲ့တယ်းးးးးးးးးးးးး


   ရေးသူ-     သူရဇ္ဇ
=================================
လှည့်စားခဲ့သူ


ငါ့အသဲတံခါးကိုဖျက်
လှည့်စားခြင်းအတက်နဲ့
ငါဟန်ဆောင်တက်အောင်
နင်သင်ပေးခဲ့တယ်
ဝေဒနာတခုကိုစ
မေ့မရတဲ့အခါ
ပိုလွမ်းစေဖို့
အနမ်းတွေကို
နင်ပေးခဲ့တယ်
ခံစားလို့မနိုင်
ပြိုင်ဆိုင်လာတိုင်းရှုံး
အပြုံးတခုကို
နှစ်သိမ့်ဆုအဖြစ်နင်ပေး
နင့်နံဘေးမှာ
ငါဆိုတာ
မရှိတော့ပြီလားချစ်သူ
မေ့ထားလိုက်ပါ
သတိရခြင်းနဲ့
မသင့်မြတ်တဲ့
ငါ့ရဲ့မရင့်ကျက်မှု့က
နင့်အတွက်
ပျော်စရာမှမဖြစ်ခဲ့တာ
အချစ်နဲ့ကာထားတဲ့
ငါ့ရဲ့မျက်ရည်
တံတိုင်းတွေလည်း
နင့်ရဲ့စွန့်ပစ်မှု့မှာ
အပိုင်းပိုင်းကွဲကြေလို့
အသဲမြေမှာ
မျက်ရည်တွေရွှဲစေလို့
နင့်ရဲ့လှည့်စားခြင်း
အတက်မှာ
ငါခံရခက်လှပါပြီဟာ့။


        ရေးသူ-  သူရဇ္ဇ
=================================
အချစ်ကိုစဖွေရှာ
စစ်ကိုင်းမြေမှာ
အကြင်နာကိုတွေ့
အသဲကွဲရမယ့်ထိုသတိ
အစကကြိုသိရင်
ကိုယ်ချစ်မိမှာမဟုတ်
အခုတော့မရ
သံယောစဉ်ကြိုးတစ
အတိုးချလို့နှောင်တွယ်
တိမ်ရောင်ပြယ်တဲ့
အမှောင်လမ်းစပ်က
တောင်တန်းတွေထက်မှာ
ငါ့အလွမ်းတွေနဲ့
ပန်းတွေမဝေနိုင်တော့
သာသနာ
အောင်မြေဖြစ်ခဲ့တဲ့
စစ်ကိုင်းမြေမှာ
ငါ့အသဲတွေ
သောင်ရေနစ်ဖို့ဖန်
မင်းသဏ္ဍန်တစက်နဲ့
အနင်းခံသက်သက်
ငါ့မာနတွေဟာ
အရင်ကတည်းက
သခင်လွှဲပြီး
မင်းကိုပေးထားပြီးသားပါချစ်သူ
နင့်အတွက်နဲ့ပဲ
စစ်ကိုင်းမြေကို
ငါချစ်ခဲ့သလို
နင့်ကြောင့်ပဲ
စစ်ကိုင်းမြေမှာ
အသဲကွဲဖို့
ဖန်စေခဲ့ပြီလားဟာ့။



      ရေးသူ-  သူရဇ္ဇ
=================================
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ