Tuesday 5 April 2016

နောက်ဆုတ်ဖို့မတွေးပါနဲ့


နှစ်ကိုယ်တူဘ၀တစ်ခုတည်ဆောက်နိုင်ဖို့အတွက်

ကိုယ်ကြိုးစားနေဆဲပါချစ်သူရယ် ...

မပြည့်စုံသေးတဲ့အခြေအနေမှာ

ကိုယ့်လုပ်ရပ်တစ်ချို့အတွက်

မင်းနဲ့အသားကျချင်မှကျပေလိမ့်မယ်

ဒါပေမယ့် ...

ဒီအသားမကျမှုတွေအတွက် 

စိတ်ပျက်ကာနောက်ဆုတ်တော့မှာလား ...

ဘ၀ဆိုတာ အကောင်းချည်းလာတတ်တာမဟုတ်တော့လည်း

ကြုံလာတဲ့အဆိုးတွေကို အတူတူရင်ဆိုင်ရင်း

ရှေ့ဆက်ဖို့ ဖေးမကျော်ဖြတ်ကြစို့လားကွယ်

နောက်ဆုတ်ဖို့တော့မတွေးပါနဲ့

ကိုယ့်ကြိုးစားနေမှုတွေအားလုံးက

မင်းအတွက်ချည်းဆိုတော့လည်း

မကျေနပ်ချက်တွေကိုဖွင့်ဟပါ ...

မင်းမကြိုက်တာတွေကိုဆွေးနွေးပါ ...

ကိုယ်တို့ရဲ့ချစ်ခရီးဖြောင့်ဖြူးနိုင်စေဖို့ ...

အတူတူကြိုးပမ်းကြဦးစို့ရဲ့ ....


မုန်း (BeeTalk)


ချစ်သူက စိတ်ပျက်ပြီး နောက်ဆုတ်ဖို့ ပြောနေသူတွေအတွက်ပါ ...







အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ