Saturday 2 April 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၇၅




ချစ်သူပျော်စေ
     ရန်ကုန်မြေ

ချစ်အဖြေကိုပေး
အဝေးရပ်ကိုထွက်
မမေ့ရက်အောင်
နှောင်တွယ်ပတ်
ရင်အထက်မှာ
သံယောစဉ်ဖြစ်
အချစ်လို့
ကင်ပွန်းတပ်
နင်စွန့်ရက်လို့
ပစ်ခွာသွားလည်း
နင်ကလွဲ
ချစ်စရာရှားတဲ့
မေတ္တာသမားငါ့မှာ
ပြန်ဆုံမယ့်နေ့ကို
မမေ့သ၍
မျှော်လင့်နေတုန်း
နေဦ့းလို့
ငါမတားရက်တဲ့
နှုတ်ဆက်ခြင်းမှာ
မင်းသာပျော်စေ
အဖော်တွေများရာမှာ
ငါတားလည်း
အလကားပဲမဟုတ်လား
စိတ်ကူးရည်ထား
မညီမျှလို့လွဲ
ချစ်သူဟူသမျှ
ဘယ်သူက
ခွဲချင်ပါ့မလဲချစ်သူရယ်
နင်မုန်းလို့လည်း
ငါမမေ့
နင်မေ့လို့လည်း
ငါခံစား
ကံတရားက
မိုင်တိုင်တွေခြားလို့
ပြန်မဆုံစေလည်း
ရန်ကုန်မြေထဲမှာ
ချစ်သူ့။
ပျော်ပါစေဟာ့။

       သူရဇ္ဇ
=================================
အညာသား
   သံယောစဉ်

ရေစီးသံတလွင်လွင်
တောင်းတန်းတခွင်ဆီ
မထင်မှတ်ပဲရောက်
တယောက်သောသူနဲ့တွေ့
မေ့မရအောင်စွဲလမ်း
အကြင်နာပိုထား
အညာသားရဲ့
ရင်ထဲမှာ
မြင်ကတည်းက
ချစ်မိခဲ့သူ
ရေမြေတွေခြား
မြေပြန့်သားအနမ်း
တောင်ဇလပ်ပန်းထက်ပိုမွှေး
မနောမြေသူလေး
သိစေလို
ကတိတွေပိုထား
အညာသားသစ္စာ
တောင်တန်းတွေထက်ခိုင်မြဲစေ
ကံဇာတ်ဆရာရဲ့
ပြန်ရက်မကြာတဲ့နေ့
တရွေ့ရွေ့နီး
အဆွေးမီးရတက်က
ခွဲရခက်အောင်ပြု
ချစ်သူ့မျက်နှာ
တသက်တာ
ရင်မှာမှတ်လို့
အကြင်နာထပ်ဖို့
ပြန်ဆုံပါရစေ
ကချင်မြေက
ချစ်သူလေးရယ့်။

       သူရဇ္ဇ
=================================
* ဆောင်းနှင်းဖြူ  ရဲ့ သစ္စာရှင် *

အေးမြခြင်းလေညင်းတွေကို
တစိမ့်စိမ့်နဲ့ဝေ
တသိမ့်သိမ့်နဲ့ကြွေစေခဲ့သူရယ်
ဆောင်းဆိုတဲ့အရိပ်ကလေးကြောင့်
ရင်လွှာထက်ကအကြင်နာနှလုံးသား
ခိုဝင်ကာနွေးထွေးသွားခဲ့ရတယ်

မြူ နှင်းလေးတွေဖုံးလွှမ်း
ညတာရှည်အလွမ်းတွေလဲ
ဆောင်းရဲ့တစ်နေ့တာနဲ့အတူတူ
နှင်းစက်ကလေးတွေအောက်မှာ
ပူလောင်နိုင်စွမ်းမရှိတော့

ဖြူ စင်လွန်းလှသူအိဒြေ္နရှင်လေးရယ်
ရိုးရှင်းတဲ့အပြုံး
တောက်ပတဲ့မျက်ဝန်းတွေမှာ
ကျောက်သားလိုအက္ခရာနဲ့သူ
သစ္စာတရားကိုသက်သေပြုပါတယ်
မင်းကြောင့်
နှလုံးသားတွေပဲ့ကြွေလုလှပြီကွယ်
                      Phyur.../\/*L့
=================================
* မေတ္တာနဲ့သစ္စာ *

နှလုံးသားရဲ့စေပါးရာတဲ့လား
၅၂၈မေတ္တာသက်နဲ့ဆက်
အရမ်းချစ်ရတဲ့ညီမလေးရယ်
ထာဝရတသက်တရက်ပိုပါတယ်

ဆုံတွေ့ခဲ့ရတာကမကြာသေး
ဝေဒနာတွေပေးတတ်တဲ့
သံစဉ်ပေါက်ဖွားနှလုံးသားက
မနက်ခင်းတိုင်းမှာမေးတတ်နေပြီ
မင်းနာမည်လေး

ရေမြေတွေကွာဝေးပေမဲ့
တခါတခါပြောတတ်တဲ့စကား
လေလှိုင်းကြားမှာနားဆင်ရတာ
အရမ်းကိုကြည်နှုးမိတယ်ကွယ်

အငယ်ဆုံးမို့အဆိုးအနွယ်မရှိခဲ့
တွယ်တာရစ်ဖွဲ့မဲ့
ကလေးဆိုးလေးတယောက်တော့
တမ်းတခါမှန်းဆမိတော့

ကံကြမ္မာအလင်းစက်တွေ
ဖန်ဝင်လာရင်ထဲငြိသလို
တောင်းဆုတွေအလီလီပြည့်ခဲ့ရပြီ

အဖြူ ထည်လေးပါ
တွယ်ငင်ရစ်ကာချစ်တတ်လာတော့
ကောင်းကင်နဲ့မြေပြင်ကြားက
အလှတရားနဲ့သိ
သွေးမတော်သားမစပ်ပေမဲ့
သူမကိုကျွန်တော်ချစ်တယ်။
                     ချစ်ရပါသော
                           အကိုမှ
                 ညီမလေးအတွက်
=================================
* ခေါင်းစဉ်မဲ့နေသောရင်ခွင် *

ကတိသစ္စာတွေ မတရားခဲ့တဲ့
ငါ့ကိုနင်အရင်ဆုံး
ထားသွားခဲ့ပြီလား
ချစ်သူတချက်လောက်တော့
လှည့်ကြည့်ပါဦးကွာ
ဒီမှာငါလေနင့်အတွက်
အလွမ်းတွေကြဲနေတယ်
ကဗျာတွေရေးနေတယ်
သံယောဇဉ်တွေဖွဲ့နေတယ်
သတိရခြင်းတွေအတွက်
တခေါက်လောက်တော့
လှည့်ကြည့်ပါဦးချစ်သူရယ်
အနာဂတ်ရဲ့ရင်ခုန်သံတွေကြားမှာ
နင့်စကားသံတွေကို
ငါအလွမ်းဆုံးပဲ
ဒါတွေဟာတို့နှစ်ယောက်ရဲ့
အမှတ်တရလေးများ
တဖြည်းဖြည်းနဲ့ဖျားတယ်ဟာ
တစိမ့်စိမ့်နဲ့မင်းမရှိရင်
မနေတတ်ဖူးကွယ်
တအက်အက်နဲ့ကွဲရတော့မယ့်
နှလုံးသား
တဆစ်ဆစ်နဲ့ကိုက်လာတဲ့အခါ
တမြေ့မြေ့နဲ့နင့်ကိုငါ
အရမ်းလွမ်းတယ်ဟာ
                       Phyur.../\/*L့


ကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်အစီအစဉ်လေးကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခုလောလောဆယ် ကျွန်တော် viber ခဏပိတ်ထားတဲ့အတွက် ကဗျာတွေပေးပို့လို့ ရမှာမဟုတ်သေးပါဘူး။ သင်္ကြန်ပြီးတာနဲ့ ဖုန်းမှာviberပြန်တပ်ဆင်ပေးပါ့မယ်။ beetalk group က ကဗျာတွေကို တင်ပေးနေမှာဖြစ်ပါတယ်ဗျာ။



အောင်မြင့်မြတ်(Myanmar Youths)


No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ