Saturday 23 April 2016

အချစ်ဆိုသည်မှာဇာတ်သိမ်းပိုင်း


သို့သော် တချို့ တချို့သော သူများရဲ့ ကိုယ့်အပေါ် ဆက်ဆံမှုက 

အမြဲ လွမ်းနေရတဲ့ အဖိုးကို သတိရ စေ ခဲ့သည်။ ချစ်ကြောင်း မပြော

ပေမယ့်၊ စိတ်အနှောင့်အယှက် လုံးဝ မဖြစ်စေ ပေမယ့် သူတို့ရဲ့ လုပ်ရပ် 

လေး တွေက ကိုယ့်ကို အဖိုးနဲ့ နေရ တုန်းကလို စိတ်လုံခြုံမှု ပေးခဲ့ ကြ

သည်။ စိတ်ညစ်ချိန် အားပေးလိုက်၊ ကိုယ့် ကို စိတ်အနှောင့် အယှက် 

ဖြစ်စေလောက်တဲ့ အခြေအနေဆို ရှောင်ရှားလိုက်၊ မထင်မှတ် ထားတဲ့ 

အချိန် မှာ ကိုယ့်ကို ပျော်ရွှင် ရယ်မော စေလိုက်၊ ကိုယ်ပြသနာ တက်နေ

ချိန်မှာ ပြသနာ ဖြေရှင်းနည်းကို သွယ် ၀ိုက် လမ်းပြ လိုက်နဲ့ ဘာ

အခွင့်အရေးမှ ပြန်မတောင်းဆိုသလို ဘယ်လို စိတ် ရှုပ် စရာ မျိုးကိုမှ 

မဖြစ်စေ လိုက်တဲ့ သူများရဲ့ ဂရုစိုက်မှု များက အချစ် ဆိုတဲ့ အရာရဲ့ 

တကယ့် အဓိပ္ပာယ် ခံစားမှုကို ပါးစပ်က မပြော ဘဲ ကိုယ့်ကို သင်ပြ 

ပေးခဲ့သလိုပါ။ 


ဒါပေမယ့် နေ့စဉ်နဲ့ အမျှ ပူလောင် ပြင်းထန် ပေါက်ကွဲ နေတဲ့ ကိုယ့်ပတ်

ဝန်းကျင်က အတ္တ လွန်ဆွဲပွဲ တွေ က ဒီငြိမ်းချမ်းတဲ့ အချစ်တွေကို ခံစားခွင့် 

မပေးနိုင်လောင်အောင် ပွဲဆက်က များလွန်း ခဲ့သည်။ ဖြစ်စေ ချင်လို့၊ 

အမြင့်ကို ရောက်စေ ချင်လို့၊ ချမ်းချမ်းသာသာ မြင့်မြင့်မားမား နေစေ ချင်လို့ 

စတဲ့ စတဲ့ တွန်း အား များက တဖြည်းဖြည်းမက ဖိအားတွေ အဖြစ်နဲ့ 

အသက်တောင် ၀၀ မရှူနိုင်ခဲ့။ နောက်ဆုံးတော့ ခါးရိုး ကျိုးကြေ သွားတဲ့ 

ကုလားအုတ်လေး တစ်ကောင်လိုပဲ စိတ်မပါဘဲ ခြေကုန် လက်ကုန် ဆွဲနေ 

ခဲ့ရတဲ့ လွန်ကြိုးကို ပစ်ချလို့ လွန်ပွဲကို ကျောခိုင်းပြီး ငြိမ်းချမ်းစွာ ရင်ဖွင့်လို့ 

လမ်းလျှောက် သင်နေတဲ့ ကလေးကို လိုက်ကြည့် သလို အရိပ် တကြည့်ကြည့်နဲ့ 

လက်ကမ်း ကြို နေတဲ့ အနီးဆုံး ရင်ခွင်ထဲ ၀င်ပြီး နားခို ခဲ့ပါ တော့တယ်။ 


တချို့က ပြောကြတယ်။ မင်းပတ်ဝန်းကျင်က တန်းစီနေတဲ့ သူတွေထဲမှာ သူက 

ဘာများ သာလို့လဲတဲ့။ ငါ့ထက် သူက ဘာများ သာတာ ရှိလို့ မင်းက ရွေးရ

တာလဲ ပြောစမ်းပါဦးကွာတဲ့။ မင်းကို လက်ထပ်ခွင့် တောင်းထားတဲ့ ဂုဏ်ထူး 

ဘွဲ့ထူး ရာထူး စည်းစိမ်တွေ အပြည့်နဲ့ လူတွေကို ကျော်ပြီး ဒီတစ်ယောက်ကို 

ဘာလို့ ရွေးတာလဲ ပြောစမ်းပါဦးတဲ့။ အားမနာတမ်း ဖြေလိုက် ချင်ပါတယ်။ 


ဒီရင်ခွင်မှာ လူမက်စရာ ဂုဏ်၊ ပကာသနတွေ တခုမှ မရှိဘူး…

ဒီရင်ခွင်မှာ စည်းစိမ် ချမ်းသာ ရာထူး အာဏာတွေ တခုမှ မရှိဘူး…


အဲဒီလိုပဲ 

ဒီရင်ခွင်မှာ ပူလောင် ပြင်းပြမှုတွေ တခုမှ မရှိဘူး…

ဒီရင်ခွင်မှာ တောင်းဆိုချက်တွေ တခုမှ မရှိဘူး…

ဒီရင်ခွင်မှာ အပေးအယူ ကိစ္စတွေ တခုမှ မရှိဘူး…


ဒါပေမယ့်

ဒီရင်ခွင်မှာ လုံခြုံ စိတ်ချရမှုတွေ အပြည့် ရှိတယ်…

ဒီရင်ခွင်မှာ မြတ်နိုး လေးစား စရာ စာရိတ္တတွေ အပြည့် ရှိတယ်…

ဒီရင်ခွင်မှာ ကြည်ညို လေးမြတ်စရာ ကိုယ်ကျင့်တရားတွေ အပြည့် ရှိတယ်… 

ပြီးတော့ ဒီရင်ခွင်မှာ အချစ် ဆိုတာကို အဆိုးမြင်၊ မကောင်းထင်ပြီး 

သံသယတွေနဲ့ အမြဲ ရန်လုပ် တတ်တဲ့ မိန်းမဆိုးလေး တစ်ယောက်ကို 

အချစ်ရဲ့ နူးညံ့ သိမ်မွေ့ ကိုယ်ကျိုးရှာမှု ကင်းတဲ့ အခြင်းအရာ တွေကို ဖွင့်ပြော 

သင်ကြား ပေးခြင်း မရှိဘဲ နားလည် လက်ခံ လာအောင် စွမ်းဆောင် နိုင်တဲ့ 

အမြုတေ ဓာတ်တွေ ကိန်းဝပ်နေတယ်။ 


ဒီတော့ အချစ်ဆိုသည်မှာ ကိုယ့်အတွက်တော့ ကန္တာရ ဘ၀ခရီးကြမ်းမှာ 

ငြိမ်းချမ်းစွာ နားခိုခွင့် ပေးခဲ့တဲ့ အိုအေစစ် ရပ်ဝန်းလေး တစ်ခုပါပဲ။ 


ပြီးပါပြီ ...


Credit - ခွန်မြလှိုင်



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ